
မြန်မာနိုင်ငံတွင် ငှက်ပျောသီးအား ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်မရွေး စားသုံးကြသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးသည့်သီးနှံမျိုးများမှာ ဖီးကြမ်းငှက်ပျော၊ ဝက်မလွတ်၊ နံ့သာဖူး၊ ငှက်ပျောချဉ်၊ သီးမွေးငှက်ပျောနှင့် ရခိုင်ငှက်ပျောဟူ၍ မျိုးစုံစိုက်ပျိုးကြပါသည်။ လူတို့ကျန်းမာရေး အတွက် နေ့စဉ်စားသုံးသင့်သည့် သစ်သီးဝလံများစွာရှိသည့်အနက် ငှက်ပျောသီးသည် ဗီတာမင် ဓာတ် ကြွယ်ဝမှုအများဆုံး ဖြစ်သည်ဟု သိရှိရပါသည်။ ငှက်ပျောသီးတွင် ရေဓာတ်၊ ဗီတာမင် B1 B6 ပိုတက်စီယံဓာတ်စသည့် အဟာရဓာတ်များစွာပါဝင်ပါကြောင်း၊ ကလေးသူငယ်များ တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါများ သက်သာစေကြောင်း၊ အမျိုးသမီးများ ငှက်ပျောသီးကို ပုံမှန်စားသုံးခြင်းဖြင့် အမျိုးသမီးများရင်သား ကင်ဆာ ဖြစ်ပွားမှုနှုန်းကို ဟန့်တားနိုင်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ငှက်ပျောသီးကို စာသုံးပေးခြင်းဖြင့် အရိုးကိုသန်မာစေခြင်း၊ ခွန်အားကိုလည်းပေးစွမ်းနိုင်ခြင်းနှင့် အမောဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါသည်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်များစွာပါဝင်ခြင်း၊ မနက်သင်္ဘောညငှက်ပျောဆိုသည့် အတိုင်း ငှက်ပျောသီးကို ညစဉ် အိပ်ယာဝင်ခါနီး (၁)လုံး စားပေးခြင်းဖြင့် ဝမ်းမှန်ခြင်း ကိုဖြစ်စေပါကြော်း၊ ငှက်ပျောသီး မကြာခဏ စားသုံးပါက မျက်စိမှုန်ခြင်း၊ လေးဖက်နာရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာများ သက်သာ စေပါကြောင်း သိရှိရပါသည်။ ငှက်ပျောခွံတွင် လည်း ပိုတက်စီယမ်ဓာတ်များစွာပါဝင်သည့်အတွက် မျက်နှာပေါ်တွင် ကပ်၍တိုက်ပွတ်ပေးပါက အရေးအကြောင်းများကို သက်သာစေကြောင်း၊ ငှက်ပျောသီး သီးနှံကိုနေရတိုင်းလိုလိုတွင် အလွယ်တကူဝယ်ယူ၍ရသလို လူအကျိုးပြု ကစီဓာတ် များစွာပါဝင်ခြင်းနှင့် အစာခြေစနစ်ကို ကောင်းမွန်စေသောကြောင့် လူတိုင်းစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)