Main menu

ဆူးကြက်မောက်ပင်ဆေးဖက်ဝင်ပုံ

Powered by Drupal
Fri, 07/25/2025 - 13:38 -- consumer_admin

   ဆူးကြက်မောက်ပင်တွင် အဖြူပင်နှင့်အနီပင်ဟူ၍ နှစ်မျိုးရှိသည်။ အနီပင်မှာပို၍ အစွမ်း ထက်ကြောင်း သိရသည်။ မိုးဦးကျတွင် အလေ့ကျပေါက်သော အပင်မျိုးဖြစ်ပြီး ကြက်မောက် သဏ္ဍာန် ဆူးများဇောက်ထိုးတွေ့ရတတ်သည်။
    ဆူးကြက်မောက်ပင် ပဥ္စပါးငါးကို ပြုတ်၍ရရှိလာသောရေကို သောက်သုံးခြင်းဖြင့် ဂေါက်ရော ဂါ၊ ပန်းနာရောဂါ ၊ နားပင်းနားလေးရောဂါ၊ အစာအိမ်ရောဂါ၊ သမင်ဖြူရောဂါ၊ ဆီးအောင့်ရောဂါ၊ အဖျည်းရောဂါတို့ကို သက်သာပျောက်ကင်းစေပါသည်။ ထို့အပြင် မျက်လုံးမတော်တဆ ထိခိုက် နာကျင်မှုများအတွက်လည်း ဆူးကြက်မောက်မြစ်ကို ဆားနှစ်ပွင့်သုံးပွင့် သွေးလိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေခြင်း၊ အရွက်ကို ဟင်းခါးချက်တိုက်ပါက ကလေးမိခင်များ နို့ထွက်စေခြင်း၊ အမြစ်ကို ရေလှောင်ကန်ထဲသို့ ထည့်ပါက ပိုးလောက်လန်းများသေစေခြင်း၊ ထိပ်ကပ်နာရောဂါ အတွက် အရွက်ကိုမီးရှို့ပြီး အငွေ့ကိုရှူခြင်းဖြင့် ပျောက်ကင်းစေနိုင်ကြောင်း စာပေများအရ သိရ သည်။

DOCA(မန္တလေး)