Main menu

ငါးညှီရွက် ဆေးဖက်ဝင်

Powered by Drupal
Fri, 07/25/2025 - 13:24 -- consumer_admin

     ငါးညှီရွက်သည် ကင်ဆာကိုကာကွယ်ပေးနိုင်ပါသည့်ဟင်းရွက်တစ်မျိုးဖြစ်သည်။ အစိမ်း လတ်လတ်ဆတ်ဆတ် တနေ့၇ရွက်စားသုံးခြင်း၊ပြုတ်ပြီးအရည်သောက်ခြင်း၊ အသီးဖျော်ရည်နှင့်  ရောစပ်သောက်သုံးခြင်းတို့ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ငါးညှီရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကင်ဆာကိုတိုက်ဖျက်စေခြင်း၊ အဆုတ်ရောဂါ၊ အဆုတ်ပြည် တည်နာခြင်း၊ သက်ကြီးရွယ်အိုများ ခွန်အားတိုးစေခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင် ခြင်း၊ အနာပြည်တည်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ ဝမ်းကိုက်ခြင်း၊ တီဘီရောဂါ၊ ကျောက်ကပ်ရောင်ခြင်း၊ အူရောင်ခြင်း၊ နို့သီးခေါင်းရောင်ခြင်း၊ နားအလယ်ခန်း ရောင်ခြင်း  စသည့်ရောဂါများကိုသက်သာစေသည်။ ငါးညှီရွက်ပြုတ်သောက်ခြင်းဖြင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာများ၊ ချောင်းဆိုးခြင်းကို ဖယ်ရှားပေးနိုင်ခြင်း၊ အစိမ်းစား    ပေးခြင်းဖြင့်  အအေး မိခြင်း၊ဖျားနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ အရေပြား ရောဂါနှင့် သွေးရည်ကြည်ပြဿ နာများအတွက် ငါးညှီရွက်ပြုတ်သောက်ပေးပါက သွေးရည်ကြည်ညစ်ညမ်းခြင်း၊ အရေပြားယားယံ ခြင်းစသည့်တို့ကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)