Main menu

စံပါယ်ပွင့် ဆေးဖက်ဝင်ပုံ

Powered by Drupal
Fri, 07/25/2025 - 13:22 -- consumer_admin

      စံပါယ်ပွင့်သည် ချောင်းဆိုးရောဂါ၊အမောရောဂါ၊ အဆုတ်ရောဂါ၊ လေပူပန်းနာရောဂါ၊ ကလေးသူငယ်နာရောဂါ၊ မီးယပ်သွေးချုပ်ရောဂါများအတွက် ဆေးဖက်ဝင်အပင်ဖြစ်သည်။ မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးကြသည်။ စံပါယ်ကြီး(တောစံပယ်)များသည် ချုံနွယ်ကြီးများအဖြစ် အချို့ဒေသများတွင် အလိုအလျောက်ပေါက်ရောက်သည်။ အပင်သည် ပဉ္စငါးပါး၊ အရွက်၊ အပွင့်များ ဆေးဖက်ဝင်အသုံးပြုကြသည်။ ချုံနွယ်ပင်မျိုးဖြစ်သည်။ အရိုင်းပေါက်လျှင် နွယ်တက်တတ်သည်။ အရွက်မှာ ဇွန်ရွက်ထက်အနည်းငယ်ပိုကြီးသည်။ အပွင့်မှာ အဖြူရောင်ရှိ၍ အချို့စံပါယ်မျိုးတွင် ခရမ်းရောင်အနည်း၍ငယ်နှောသည်။ အပွင့်ကြီး၊ အပွင့်သေး စံပါယ်မျိုးကိုလိုက်၍ ကွဲပြားသည်။ အလွန်မွှေးသည် အပွင့်မှာဇွန်ပွင့်ထက်အနည်းငယ်ကြီးသည်။ စံပါယ်ရိုးရိုး၏အရွက်သည် ဝမ်းမီး တောက်စေခြင်း၊ သလိပ်ကိုပျော်စေခြင်း၊ တွန့်ချုံ့စေခြင်း၊ လူကိုဝဖြိုးစေခြင်း၊ စံပါယ်အပွင့်သည် နှလုံး၊ဆီးချို၊ သည်းခြေဖောက်ပြန်သောရောဂါ၊ ကိုယ်သားကိုယ်ရည် အလွန်ပူသောရောဂါ၊ ရေငတ် ခြင်း၊ အရေးပြားရောဂါ၊ သွားကိုက်သွားနာ၊ မျက်စိရောဂါတို့ကိုသက်သာပျောက်ကင်းစေနိုင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)