Main menu

ရွက်ကျပင်ပေါက် အစွမ်း

Powered by Drupal
Fri, 07/25/2025 - 13:21 -- consumer_admin

  ရွက်ကျပင်ပေါက်သည် မြန်မာပြည်အနှံ့အပြားမှာပေါက်ရောက်ကြသည်။ ရွက်ကျပင်သည် ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင်စသည့် ဒဏ်ရာတွေအတွက် အလွန်ပင်အသုံးဝင် သောဆေး ဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများအတွက် ရွက်ကျ ပင်ရွက်ကို မီးကင်၍ကပ်ပေးပါက အနာကျက်လွယ်စေခြင်း၊ အနာစက်၊ အနာမီးလျှံ၊မွေးကျွတ်နာ များအတွက် အရွက်ကိုကြိတ်ညှစ်၍ရသောအရည် ကိုလိမ်းပေးခြင်း၊ ရောင်ရမ်းနေသော ဒဏ်ရာများ အတွက် ရွက်ကျပင်ရွက်ကို မီးကင်၍ဒဏ်ရာပေါ်ကို ကပ်ပေးပါက သက်သာပျောက်ကင်းစေခြင်း၊ ဆီးပူ၊ ဆီးချုပ် သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများအတွက်ရွက်ကျပင် ၂ ရွက် ကို ငရုတ်ကောင်း အနည်းငယ်ထည့်၍ညက်စွာကြိတ်ပြီး သောက်ပေးပါက သက်သာစေခြင်း၊ ကာလ ဝမ်းရောဂါအတွက် အရွက်ကိုကြိတ်၍ရသော အရည်ကိုသောက်ပေးပါက ပျောက်ကင်းစေခြင်း၊ အဆစ်လွဲ၊ အကြောထုံးခြင်းနှင့်မီးလောင်သော အနာများအတွက် အရွက်ရည်ကိုလိမ်းပေးပါက သက်သာပျောက်ကင်းစေခြင်း၊ အပူအားကြီး ၍ဖြစ်သော မျက်လုံးပူခြင်း၊ ယားခြင်း၊ ကျိန်ခြင်း၊ ရောင်ရမ်းခြင်းအတွက်အရွက်ကို ညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော မျက်စိနာ အတွက် အရွက်ကို ကြိတ်ပြီးသားတွင် နနွင်းစစ်အနည်းငယ်ထည့်ကာ ခပ်နွေးနွေးပြု၍ လည်းကောင်း အုံပေးပါက မျက်စိနာပျောက် ကင်းစေကြောင်း သိရှိရသည်။

DOCA(မန္တလေး)