Main menu

“ရဲယိုသီးစားသုံးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိ”

Powered by Drupal
Fri, 07/25/2025 - 12:12 -- consumer_admin

    လူတို့၏ခန္ဓာကိုယ်အတွက် အစားအစာတိုင်းသည် အာဟာရဖြစ်ရုံသက်သက်မဟုတ်ဘဲ ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်းရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူတို့၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးသည့်အပင်များရှိသလို ဆေးဘက်ဝင်သည့်အလေ့ကျပေါက်သော အပင်များလည်းရှိပါသည်။လူတို့အတွက် ကျန်းမာရေးအထောက်အကူပြုသည့် ရဲယိုပင်လည်းအပါ အဝင်ဖြစ်ပါသည်။ရဲယိုပင်တွင် အသီး၊အရွက်သာမကဘဲ အပွင့်၊အခေါက်နှင့်ပင်စည်အမြစ်များအထိ ဆေးဘက်ဝင်သည့် အပင်တစ်ပင်ဖြစ်ပါသည်။ရဲယိုရွက်ကို တို့စရာအဖြစ်လည်းစားကြသလို သားငါး များနှင့်ရော၍လည်းချက်စားကြပါကြောင်း၊ ငါးခူရဲယိုရွက်ဟင်းဆိုလျှင် ထမင်းဆိုင်တိုင်းလိုလိုတွင် ရရှိသည့်ဟင်းတစ်မျိုးဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်ကြပါကြောင်း၊တချို့နယ်ဘက်တွင် ရဲယိုသီးကို ဆေးအဖြစ်စားသုံးကြသလို တစ်နိုင်တစ်ပိုင်ဆေးဖော်စပ်၍လည်းစားသုံးကြပါသည်။ရဲယိုရွက်စားသုံး ခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများစွာထဲမှ ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာစေသည့်ဆဲလ်များကို ပိုမိုထုတ်လုပ်နိုင်ပြီး ခန္ဓာကိုယ်အတွက်မကောင်းသောဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပါကြောင်း၊ လေဖြတ်လေငန်းရောဂါ ၊ ဆီးနှင့်ကျောက်ကပ်ဝေဒနာရှင်များ ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်း ရောဂါဝေဒနာခံစားနေရသည့် သူများအနေဖြင့် ရဲယိုရွက်ကို ငါးခူနှင့်ချက်စားပါက ပျောက်ကင်းနိုင်ပါ ကြောင်း၊နို့တိုက်မိခင်များအနေဖြင့် ရဲယိုရွက်(၄-၅)ရွက်ခန့်ပြုတ်၍ သုပ်စားပေးမည်ဆိုပါက နို့ချောင်း ပိတ်ခြင်းနှင့်နို့ရည်ခမ်းခြင်းတို့သက်သာစေပါကြောင်း၊ ရဲယိုရွက်ကို ဒန့်သလွန်ရွက်နှင့် ရော၍ဟင်းချို ချက်သောက်သုံးပါက နှလုံးရောဂါ၊ သွေးသွန်ရောဂါနှင့် ဆီးချိုရောဂါများ သက်သာစေပါကြောင်း၊ မြုံနေသောအနာများအတွက် ရဲယိုရွက်ကိုကြိတ်ခြေပြီးအုံပေးပါက အနာနုပါက ပိန်သွားစေပြီး အနာရင့်ပါက ပေါက်ထွက်သွားပြီး ရောင်ရမ်းခြင်းမှ သက်သာစေ ပါကြောင်း သိရှိရပါသည်။ရဲယိုသီး အနေတော်တစ်လုံးအား ပျားရည်နှင့် လက်ဖက်ရည်ဇွန်း (၂)ဇွန်းခန့်ရော၍ ခေါက်စားပါကချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါများ သက်သာ စေကြောင်း၊ ရဲယိုသီးတွင်ပါဝင်သော သဘာဝအာနိသင် များကြောင့်သွေးကြောများကိုကျယ်စေပြီး သွေးလည်ပတ်မှုအားကောင်းစေပါကြောင်း၊ ရဲယိုသီး မမှည့်တစ်မှည့်ကို မီးဖုတ်ပြီးဆားအနည်း ငယ်ထည့်ကာ သွားတိုက်ပေးမည်ဆိုပါက သွားနှင့်သွားဖုံးကို ကျန်းမာစေကြောင်း၊ ရဲယိုသီးမှည့်တစ် လုံးအား ထန်းလျက်ခဲနှစ်လုံးနှင့်ပေါက်၍ စားမည်ဆိုပါက မီးယပ်ရောဂါများ သက်သာစေပါကြောင်း ရဲယိုသီးစားသုံးခြင်းဖြင့် သွေးတိုးရောဂါနှင့်သွေးကြောကျဉ်း ရောဂါတို့ကို သက်သာစေသောကြောင့် လူတို့၏ခန္ဓာကိုယ်အတွက် များစွာအသုံးဝင်သည့် ဆေးဘက် ဝင်အပြင်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)