Main menu

ထန်းပင်ရဲ့အကြောင်းသိကောင်းစရာ

Powered by Drupal
Fri, 07/25/2025 - 10:59 -- consumer_admin

     ထန်းသီးဟာ နွေရာသီလိုအချိန်မျိုးမှာ အပူဒဏ်အတွက် အကောင်းဆုံးအိမ်တွင်း ဆေးတစ်လက်ဖြစ်ပါတယ်။ထန်းသီးမှာ အာဟာရဓာတ်ပြည့်၀ပြီး ပုံစံမျိုးစုံနှင့်ပြုလုပ်စားသုံးနိုင်တဲ့  အသီးအနှံ ဖြစ်ကာ  မြန်မာပြည်တွင် စိုက်ပျိုးခြင်းနှင့်အလေ့ကျပေါက်ရောက်ခြင်းများရှိကြ၍ အပင်စိုက်ပျိုးရာ  တွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုး၍ အသီးသီးရာတွင်လည်း (၁၀)နှစ်ကြာမှ အသီးများ ထွက်ရှိပါ သည်။

      ထန်းသီးဟာ အမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခု လည်း ဖြစ်ပါတယ်။ရာသီစာဖြစ်တဲ့ ထန်းသီးနုနုချိုချိုမွှေးမွှေးလေးကို စားရတာ ကြိုက်နှစ်သက်ပါ သလား။ ထန်းသီးနုနုလေးတွေစားရတာ ဂျယ်လီလေးစားရသလိုပါပဲ။ထန်းသီးမှာရေဓာတ်အများဆုံး ပါဝင်နေတာဖြစ်ပြီး ထန်းသီးမှာ မရှိမဖြစ်လိုအပ်သောဗီတာမင်ဓာတ်နဲ့သတ္တုဓာတ်များ ပါဝင်နေတဲ့အပြင် အထောက်အကူဖြစ်စေနိုင်တဲ့ အဖိုးတန်ဖြည့်စွက်စာတစ်ခုလည်း အပါအဝင် ဖြစ်လျက်ရှိပြီး ထန်းသီးတစ်လုံးမှာ အမွှာ(၃)ခုဒါမှမဟုတ်(၄)ခုထိပါရှိတတ်တယ်။ထန်းပင်ရဲ့အရွက်က ယပ်တောင်၊ ဖျာ၊တောင်း၊ဦးထုပ်များ ပြုလုပ်၍ အိမ်မိုးရာတွင်လည်း အသုံးပြုကြသည်။ ထန်းသီးအဆံက စားလို့ရတယ်။ထန်းသီးမှည့်သွားရင်လည်း အနှစ်ထုတ်ပြီး ထန်းမုန့်လုပ်စားရတယ်။ထန်းရည်နဲ့ထန်းလျက် ကလည်း ထန်းပင်ရဲ့အရာတွေပါဘဲ။ထန်းသီးခိုင်များကိုလည်း  အလှူပွဲများတွင်လည်း အသုံးပြုကြလေ့ရှိပါတယ်။

    ထန်းသီးလုံးများကို ယခုအခါတွင် ထန်းသီးဆန်အဖြစ်ခုတ်ထွင်ရောင်းချရသဖြင့် အပိုဝင်ငွေ ရရှိပြီး အခွံများကို နွားစာအဖြစ်လည်းကောင်း၊အခြောက်ခံ၍လောင်စာအဖြစ်လည်းကောင်း သုံးစွဲ နိုင်သောကြောင့် ပို၍အဆင်ပြေလာကြောင်း ပြောြကားခဲ့သည်။ယခုလိုဝယ်ယူသည့်အတွက် ထန်းတောင်သူများမှာထန်းလျက်သာမကထုတ်ကုန်တစ်ခုအနေဖြင့် ရောင်းချနိုင်ခြင်းကြောင့်မိသားစုဝင် ငွေလည်းတိုးလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာကာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(တနင်္သာရီ)