
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်ဟူသော စကားပုံအတိုင်း သစ်ပင် ၊ သစ်သီးများသည် သူ့နေရာနှင့်သူအသုံးဝင်ပြီး အစွမ်းအာနိသင်များရှိကြသည့်အနက် ကျန်းမာရေးအတွက်ကောင်းမွန် သည့်ဖန်ခါးသီးများကို မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများတွင် သဘာဝအလျှောက် ပေါက်ရောက်လျှက်ရှိပါသည် ။ ယခုအခါတွင် ဖန်ခါးသီးအပင်ပေါက်များအား ပျိုင်းပင်ဆိုင်များမှ ပျိုးပင်တစ်ပင်လျှင်(၄၅၀၀-၅၀၀၀)ကျပ် စျေးဖြင့်ဝယ်ယူရရှိကြောင်း ၊ ဖန်ခါးသီးတွင် ဖန်၊ ချဉ်၊ ခါး၊ စပ်စသည့် အရသာများပါဝင်လျှက်ရှိပြီး ဖန်ခါးသီးကို ငပိရည်၊ငပိချက်စသည့် ဟင်းလျာများ နှင့် တွဲဖက်၍ တို့စရာအဖြစ်စားသုံးနိုင်ပါသည်။ ဖန်ခါးသီးကိုစားသုံးခြင်းဖြင့် သွေးသားကိုသန့်စင်စေပြီး ထိခိုက်ဒဏ်ရာရရှိပါက ဖန်ခါးအခေါက်ကို သွေး၍အုံပေးပါက သွေးထွက်လွန်ခြင်းကိုရပ်တန့်စေပါ သည်။ယခုအချိန်တွင် ဖန်ခါးသီး(၁)ပိဿာလျှင်(၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး တစ်နိုင်စားသုံးရန်အတွက် နို့ဆီဗူး(၁)ဗူးလျှင် (၁၀၀၀/-)ကျပ်ဖြင့် စျေးများအတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ ဖန်ဖန်ခါးခါးအရသာရှိသည့် ဖန်ခါးသီးကို စားသုံးခြင်းဖြင့် နှုတ်ကိုမြိန်စေပြီး အစာကိုကြေကျက်စေသည့် အတွက်စားသုံးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)