
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည်အပူပိုင်းဒေသဖြစ်သော်လည်းစိုက်ပျိုးသည့်သီးပင်စားပင်နှင့်သီးနှံမျိုးစုံရှိသလို နေရာဒေသမရွေးပေါက်ရောက်သည့် ဆေးဘက်ဝင် အပင်များစွာရှိကြပါသည်။ ၄င်းအပင်များမှ လူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသုံးဝင်ပြီး ဆေးဘက်ဝင်အပင်ဖြစ်သည့် ပေါက်ပန်းနီပင်ကိုလည်းစိုက်ပျိုးထားကြပါသည်။ ပေါက်ပန်းနီ နှင့်ပေါက်ပန်းဖြူဟူ၍(၂)မျိုးရှိပြီး ဝါခေါင် နှင့် တော်သလင်းလများတွင် ဖြိုင်ဖြိုင်ဖူးပွင့်ကြ ပါသည်။အစေ့၊အရွက်၊အပွင့်၊အခေါက်ဟူ၍ရှိပြီး အပွင့်များအား ရေနွေးနှင့်ပြုတ်ကာ သုပ်စား ၍ရသလို အရွက်များကိုလည်း ရေနွေးနှင့်ပြုတ်၍ အတို့အမြုပ်အဖြစ်လည်းကောင်း၊ သုပ်စား ၍လည်းရကြောင်းသိရှိပါသည်။ ပေါက်ပန်းနီ၊ပေါက်ပန်းဖြူအပွင့်များကို ပုံမှန်စားသုံးခြင်းဖြင့် အရိုးကျီးပေါင်းရောဂါ၊ အရေပြားရောဂါ နှင့် သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးပါ ကြောင်း ၊ ခေါင်းကိုက်ခြင်းဝေဒနာများခံစားရပါက ပေါက်ပန်းနီအရွက် သို့မဟုတ် အပွင့်ကို ကြိတ်၍အရည်ညှစ်ယူကာ နှာခေါင်းဖြင့်ရှုပေးပါက သက်သာပါကြောင်း ၊ ပေါက်ပန်းနီ အရွက် တွင် ဗီတာမင် C နှင့် ဗီတာမင် B1 ပါဝင်သောကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ် ပေးပါကြောင်း ၊ နှလုံးကိုကျန်းမာစေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါကြောင်း ၊ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ကိုလက်စတောများကိုလည်းကာကွယ်ပေးပါကြောင်း၊ ပေါက်ပန်းနီအရွက်ကို ငရုတ်ကောင်းနှင့်ကြိတ်၍ ရှုပေးခြင်းဖြင့် အတက်ရောဂါနှင့်ဝက်ရှုးပြန် ရောဂါဝေဒနာရှင်များ စားသုံးလျှင်သက်သာကြောင်း သိရှိရပါသည် ။ ဆီးနည်းခြင်း ဝေဒနာ ဖြစ်ပေါ်ပါက အပွင့်ကိုကြော်၍ စားသုံးခြင်းဖြင့် သက်သာပါကြောင်း၊ ထိခိုက်ဒဏ်ရာရခြင်း နှင့် ဆီပူလောင်ခြင်းများကိုလည်း ပေါက်ပန်းနီအရွက်သတ္တုရည် တစ်ပန်းကန်လုံးခန့် သောက်သုံး ခြင်းဖြင့်သက်သာပါကြောင်း ပေါက်ပန်းဖြူရွက်ကိုစားသုံးခြင်းဖြင့် လူတို့၏ ခန္ဓာကိုယ်အတွက် များစွာအကျိုးကြီးမားပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)