ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကျေးလက်နေတောင်သူ များ၏လယ်ကန်သင်းများတွင် ဆီဖြူသီးအပင်များ သဘာဝအလျှောက်သော်လည်းကောင်း၊ စိုက်ပျိုး ခြင်းဖြင့်သော်လည်းကောင်း ပေါက်ရောက်ကြပါသည်။ဆီးဖြူပင်သည် ရွက်ကြွေ ပင်လတ်မျိုးဖြစ် ပါသည်။ အပင်၏ အကိုင်းအခက်တစ်လျှောက်မှာ စိမ်းဝါရောင်အပွင့်များ အဆုပ်လိုက်ပွင့်ပါသည် ။ ဆီးဖြူသီးကိုမစားဖူးသူနည်းပါးကြောင်း၊မှိုပွင့်ရာသီအချိန်များတွင် ဆီးဖြူသီးများပေါများကြောင်း၊ ဈေးသည်တိုင်း လိုလိုတွင် ဆီးဖြူသီးပါလေ့ရှိပါသည်။ဆီးဖြူသီး ကိုအမျိုးမျိုးလုပ်စားနိုင်ပါကြောင်း ၊ ဆီးဖြူသီးကိုထောင်း၍စားသုံးကြသလို အစိမ်းလိုက် စားရေစိမ်ထားပြီး အတို့အမြုပ်အဖြစ် လည်းကောင်း၊ ဆီးဖြူသီးသနပ်အဖြစ်လည်းကောင်း ငပိ၊ခရမ်းချဉ်သီးတို့နှင့်ရောပြီး ဆီးဖြူသီး ငပိချက်အနေဖြင့်လည်းစားကြပါကြောင်း၊ ငပိကို ကြော်ပြီး ဆီးဖြူသီးနှင့်လည်းရောနှော၍ ချက်ပြုတ် စားသုံး၍ရပါကြောင်း၊ ယခုနောက်ပိုင်း တွင်ဆီးဖြူသီးကို ဖျော်ရည်လုပ်၍ သောက်ရ ပါကြောင်း ၊ ဆီးဖြူသီးစားသုံးခြင်းဖြင့် ရရှိနိုင် သောအကျိုးကျေးဇူးများမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်ပွားမှုကိုလျော့ပါးစေခြင်း၊ နှလုံးကိုကျန်းမာစေနိုင်ခြင်း ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလျော့ချပေးခြင်း၊ဝမ်းမှန် စေခြင်း၊လေဖြတ်ရောဂါကိုကာကွယ်နိုင်ခြင်း စသည့်ရောဂါများ အတွက် ကောင်းမွန်ကြောင်း၊ မြန်မာ့ဆေးကျမ်းစာအုပ်များမှဖတ်ရှုသိရှိရပါသည်။ ဈေးကွက်အတွင်း ၌ ဆီးဖြူသီး(၁)ပြည် လျှင်(၃၅၀၀/-)ကျပ်ပေးရပြီး (၁)ဗူးလျှင် (၅၀၀/-)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)