Main menu

ဘားအံမြို့ဒေသထွက်မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူ

Powered by Drupal
Wed, 07/23/2025 - 14:46 -- consumer_admin

    ၂၀၂၅ ခုနှစ်၊ မိုးရာသီဇူလိုင်လ တတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ဒေသထွက် မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူများကို ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     မုန်လာဥဖြူသည် ဟင်းအဖြစ်အမျိုးမျိုး ချက်ပြုစားသောက်နိုင်သော မြန်မာ့အစားအစာ တစ်မျိုး ဖြစ်သည်။မုန်လာဥကို ငါးခူ၊ငါးရံ၊ငါးမြင်း၊ငါးကြင်း စသောငါးများဖြင့် ချည်ရည်ဟင်း ချက်စား ကြသလို မုန်လာဥပိုးတီချဉ်၊မုန်လာဥသနပ်သုပ်၊မုန်လာဥချဉ်ဖတ်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ဗီတာမင်စီနှင့် ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ် အရေ ပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသည်။ ဒေသ ထွက် မုန်လာဥဖြူဈေးနှုန်းများမှာ မုန်လာဥဖြူ အစည်းကြီး တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ မုန်လာ ဥဖြူ အစည်းသေး တစ်စည်းလျှင်(၈၀၀)ကျပ် နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန်း တစ်စည်း (၃၀၀) ကျပ်နှင့်(၃)စည်းလျှင်(၁၀၀၀)ကျပ် နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူရောင်းချသည့် ဆိုင်များမှ သိရသည်။

DOCA(ကရင်)