
ဆင်စွယ်ဂမုန်းသည် အမျိုးသမီးများ သွေးလေကိုမှန်စေပြီး ဝက်ခြံ၊တင်းတိပ်၊မှဲ့ခြေက်များကို သက်သာစေခြင်း၊ မျက်နှာကို ကြည်လင်ဝင်းပစေပါသည်။ ဒါအပြင် ဆီးသွားရခက်ခဲခြင်း၊ ဆီးအမြှပ် ထွက်ခြင်း၊ ဆီးအရောင်ဝါပြီး အနံ့ဆိုးခြင်း၊ ကျောက်ကပ်ပျက်စီးနိုင်ခြေရှိသည့် ကျေက်ကပ် ဆိုင်ရာ ပြဿနာရှိသူများအတွက် အထူးကောင်းမွန်သည်။ ဆင်စွယ်ဂမုန်း ၁၀၀ဂရမ်ကို ရေ၁လီတာ နှင့်ရောပြီး အပိုင်းလေးများဖြတ်ကာ ခပ်ပျော့ပျော့ထုချေ၍ ပြီးလျှင် ၁၀မိနစ်ခန့် မီးအေးအေး နှင့်ပြုတ်၍ ရလာသည့်အရည်ကိုသောက်ရေအဖြစ်သောက်သုံးနိုင်သည်။ ဆင်စွယ်ဂမုန်းကို အတုံး လေးများဖြတ် နေလှန်းအခြေက်ခံပြီး လက်ဖက်ရည်လိုခတ်သောက်လို့လည်းရပါသည်။ ဘေးထွက် ဆိုးကျိုးနှင့် အကျိုးကျေးဇူးများမှာ သောက်သုံးနေစဉ်အတွင်း ဆီးပိုမိုသွားခြင်းဖြစ်ပေါ် နိုင်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ကျောက်ကပ်ရောဂါများ အတွက် အလွန်ကောင်းမွန်စေနိုင်ခြင်း၊ ကျောက်ကပ်ပြဿနာကြောင့် ခါးနာခြင်းကဲ့သို့သော လက္ခဏများလည်း သက်သာပျောက်ကင်းသွားကြောင်း သိရှိရသည်။
DOCA(မန္တလေး)