
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေကို ဈေးနှုန်းချိုချိုနှင့် ပေါပေါများများ ရရှိနိုင်ခြင်း၊ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေကိုလည်း အခုချိန်ထိစစ်မှန်စွာရရှိနိုင် ပါသည်။ မြန်မာနိုင်ငံမှာ ပေါများလွန်းသည့် ကြက်သွန်နီသည် ကျန်းမာရေးအတွက် အလွန်တန်ဖိုး ရှိပါသည်။ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရုံနှင့် ရရှိလာမည့်အကျိုးကျေးဇူးများမှာ အရိုးသိပ်သည်းဆကို ကျစ်လစ်စေခြင်း၊ ကိုလက်စထရောဓာတ်ကို လျှော့ကျစေခြင်း၊ အစာချေဖျက်ရာမှာ ကူညီနိုင်ခြင်း၊ အစာကြေလွယ်စေလို့ အဆီပိုတွေကို အလိုလိုကာကွယ်ပေးခြင်း၊ ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ အမြင်ကြည်လင်စေခြင်း၊ ခံတွင်းကျန်းမာရေး ကိုကောင်းစေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ပါးစေခြင်း၊အရွယ်တင်နုပျိုစေခြင်း၊ ကြက်သွန်နီသည် အံ့မခမ်းကောင်းကျိုးတွေပေးသောကြောင့် မအိုဆေးအဖြစ်သုံးစွဲကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)