
ကောက်ရင်းပန်သည် ကင်ဆာပင်၊ ကင်ဆာသီးပင်(သို့မဟုတ်)နတ်ဆေးပင်လို့လည်း အမျိုးမျိုး ခေါ်ကြသည်။ အပင်၏အရွက်သည် ကွမ်းရွက်နှင့် အလားသဏ္ဍန်တူပြီး အသီးမှာ အညိုရောင်ရှိသည်။ ကင်ဆာကဲ့သို့ အသီးမှာ အမြစ်တွေဖွာထွက်၍သီးသည်။ ကောက်ရင်ပန်းပင်၏ ပျောက်ကင်းနိုင်သောရောဂါများမှာ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ နို့ကင်ဆာ၊ အနာပဆုပ်၊ ကင်းနာအစရှိသည့် မြစ်ပွားနာတွေကိုပျောက်ကင်းစေပါသည်။ အထူးသဖြင့် ဝဖြိုး စေခြင်း၊ နူနာရောဂါ၊ အရေပြားရောဂါ ပျောက်ကင်းစေခြင်း၊ အသက်ရှည်စေခြင်း၊ သည်းခြေ သလိပ်ကိုပယ်ခြင်း၊ အနာပေါက်လေပြွန်ချောင်းသူ၊ မြင်းသရိုက်ကျောက်တည်နာ ဆီးနှင့် ဆက်စပ် သောရောဂါ တို့ကိုပျောက်ကင်းစေခြင်း၊ ယားယံစေသော အဆိပ်တမျိုးရှိလို့ အခွံသင်ပါးပါးလှီး နေလှန်းပြီး ပြာကိုဖယ်၍စားသုံးပေးသင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)