Main menu

ရုံးပတီစိမ်သောက်ခြင်းနှင့်ကျန်းမာရေး

Powered by Drupal
Wed, 07/23/2025 - 14:35 -- consumer_admin

   ရုံးပတီသီးစိမ်ရည်သောက်ခြင်းဖြင့် ဆီးချိုရောဂါ သက်သာပျောက်ကင်းစေနိုင်ကြောင်းသိရှိ ရသည်။ ဟင်းလျာအဖြစ်ချက်စားရုံတင်မက ရေနှင့်စိမ်သောက်ပေးပါက ဆီးချိုရောဂါရှိသူများ အတွက် အလွယ်ကူဆုံးနှင့် အကောင်းဆုံးဆေးဖက်ဝင် ဖြစ်ပါသည်။ ရုံးပတီသီး(၂)တောင့်ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာဓားနှင့်အပေါက်၊ အဆင်းဖောက်ပေးပြီး ရေဖြည့်ထားသည့် ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါသည်။ အိပ်ယာထလို့မနက်စာ စားခါနီးမှာ စိမ်ထားသည့်ရုံပတီသီးကို ဖယ်၍သောက်သုံးနိုင်ပါသည်။ သွေးထဲကသကြားဓာတ်ကို သိသိသာသာ နည်းသွားစေခြင်း၊ ဆီးချိုသည် နာတာရှည်လို ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီးစိမ်သည့်ရေကိုပုံမှန် သောက်သုံးခြင်းဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်းစေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)