
ဆားချိုပင်သည် အရမ်းအေးသည့် ရှမ်းပြည်နယ်ဘက်မှာ အများဆုံးထွက်ရှိပါသည်။ ဆားချိုပင်မှာ နှစ်စဉ်ဒီဇင်ဘာလတွင် အပွင့်စပွင့်ပါသည်။ ဇန်နဝါရီလမှာအသီးကင်းလေးတွေစပြီး ဖေဖော်ဝါရီလရောက်သည့်အခါ အသီးတွေစရင့်လာကာ မတ်လတွင်ဆားချိုသီးလှိုင်လှိုင်ပေါသည့် လဖြစ်သည်။ နှစ်စဉ်ထုံးစံ လိုလိုအသီးတွေက တစ်နှစ်ခြားတစ်ခါ လှိုင်လှိုင်ထွက်လေ့ရှိသောကြောင့် အသီးအထွက်များသည့်နှစ်မှာ အသီးအလုံးသေးများအထွက်များပြီး အထွက်နည်းသည့်နှစ်မှာ အသီးအလုံးကြီးများ ထွက်ရှိပါသည်။ ဆားချိုပင်ကသီးသည့် အသီးလေးများသည် အရမ်းနုသည့် အတွက် သုံးရက်သာအများဆုံးအထားခံပါသည်။ ဝယ်ယူပြီးချက်ချင်းဆိုသလို အသီးတွေကို ဓာတုပစ္စည်းလုံးဝမသုံးဘဲ ဆားနှင့်သာသုံးပြီး အငံခြောက်အဖြစ် တစ်နှစ်စာလုပ်ပြီး သိုလှောင်ထားရကြောင်း သိရှိရသည်။
DOCA(မန္တလေး)