
မန်းကျည်းသီးသည် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကိုသန့်စင်ပေးခြင်း၊ အသည်း၊ အူမကြီးနှင့်အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေ ကို ကျန်းမာစေခြင်း၊ မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကိုတိုးတက်ကောင်းမွန် စေခြင်း၊ သံဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ အာရုံကြော တွေကိုတိုးတက်ကောင်းမွန်စေသည့် သဘာဝအစားအစာဖြစ်ခြင်း၊ ဆီးချိုထိန်းညှိပေးခြင်း၊ ကိုယ်ခံ အားစနစ်ကို တိုးမြှင့်ပေးခြင်း၊ သွေးသန့်စေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ဝက်ခြံကုသပေးနိုင်ခြင်း၊ ဝမ်းတွင်းအေးစေသည့် အာနိသင်ရှိခြင်းတို့ဖြစ်သည်။ မန်ကျည်းသီးနှင့် ဓာတ်မတည့်သူများမစား သင့်ခြင်း၊အက်ဆစ်ဓာတ်ပါဝင်သောကြောင့် အလွန်အကျွံစားသုံးပါက သွားကြွေလွှာကိုပျက်စီးစေ နိုင်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ သွေးအားနည်းစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး သွေးချိုထိန်းညှိမှုကို အနှောက်အယှက်ဖြစ်စေနိုင်သော ကြောင့် ဆီးချိုရောဂါရှိသူတွေအနေနှင့်သွေးတွင်းသကြားဓာတ်ကို သေချာစောင့်ကြည့်ပြီးမှသာ စားသုံးသင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)