
ဘောစကိုင်းပွင့်ကို မကြာခဏ စားသုံးခြင်းရဲ့ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့ အသည်းကို အားဖြည့်ပေးတယ်။ ကျောက်ကပ်နဲ့ အသည်းကို ကျန်းမာစေတယ်။ ဗီတာ မင်အေ ကြွယ်ဝစွာပါဝင်တာကြောင့် မျက်စိအမြင်အာရုံကိုအားကောင်းစေတယ်။ နှလုံးကို အားဖြည့် ပေးပြီး သွေးအားကောင်းစေကာ ဝမ်းထဲက သန်ကောင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အိပ်မ ပျော်တဲ့ဝေဒနာကို သက်သာစေပြီး အိပ်ပျော်လွယ်စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စေပါတယ်။ ခံတွင်း ကောင်းစေတယ်၊ အစာစားချင်စိတ်ကိုတိုးပွားစေပြီး အပူအပုပ်နဲ့ ရေငတ်တာကို သက်သာစေတယ်။ ဝမ်းပျက်ဝမ်းလျှောကို သက်သာစေတယ်။ သွေးလှည့်ပတ်မှုကောင်းစေတယ်။ ဆံပင်နဲ့ ဦးရေပြားကို အားဖြည့်ပေးပါတယ်။
စားသုံးနည်းကတော့ ခေါက်ဆွဲသုပ်နဲ့စားရတာ၊ ထမင်းသုပ်နဲ့စားရတာ၊ ဒါမှမဟုတ် ထမင်းဖြူနဲ့ ငပိရည်/ငပိထောင်းနဲ့ တို့ပြီး စားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက တချို့လူတွေက ဒီအရွက်ကို လုံးဝမကြိုက်ကြပါဘူး။ တကယ်တော့ ကျန်းမာ ရေးအတွက် အရမ်းကောင်းတဲ့အရွက်ဖြစ်တဲ့အတွက် စားသုံးပေးပို့ အကြံပြုလိုက်ပါတယ်။
DOCA(မန္တလေး)