Main menu

သဘာဝတန်ဖိုးရှိ သပြုပင်

Powered by Drupal
Wed, 07/23/2025 - 14:21 -- consumer_admin

   သပြုပင်(Neem Tree)၊ သိပ္ပံအမည်(Azadirachta indica)သည် ဆေးဖက်ဝင်အပင်အဖြစ် နှစ်ပေါင်းထောင်ချီ အသုံးပြုခဲ့ကြပြီး အိန္ဒိယ၊မြန်မာအပါအဝင် ပူပြင်းခြောက်သွေ့သော ဒေသများ တွင် ပေါက်ရောက်ပါသည်။ သပြုရွက်၊အစေ့၊အဆီတို့တွင် Azadirachtin ဓာတ်ပါ၍ ပိုးမွှား၊ မှို၊ ဗက်တီးရီး   ယားများကို နှိမ်နှင်းရာတွင် သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုကြသည်။ ဝက်ခြံ၊ ယားနာ၊ နှင်းခူ၊ အင်ပျဉ်၊ မှိုစွဲခြင်းများအတွက် သပြုဆီ(Neem Oil) သို့မဟုတ် ရွက်ကြိတ်ရည်ကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။ အနာကျက်မြန်စေပြီး ဘက်တီးရီးယားကူးစက်မှုကို တားဆီး ပေးသည်။ သပြုကိုင်းဖြင့် သွားတိုက်တံပြုလုပ်ကာ သွားတိုက်ပေးပါက သွားဖုံးရောဂါ၊ ခံတွင်းအနံ့ ဆိုးနှင့် သွားပိုးစားခြင်းကို ကာကွယ်နိုင်သည်။ သပြုရွက်ပြုတ်ရည်သောက်ခြင်းဖြင့် ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ သွေးတွင်းသကြားဓာတ်ကို လျော့ချရာတွင် အထောက်အကူပြုသဖြင့် ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်သည်ဟု လေ့လာချက်များတွင် ဖော်ပြထားပါသည်။

   စိုက်ပျိုးရေးကဏ္ဍများတွင် သဘာဝပိုးသတ်ဆေးအဖြစ် သပြုဆီ၊ ရွက်ပြုတ်ရည်ကို သီးနှံပင် များပေါ်ဖျန်းခြင်းဖြင့် ပိုးမွှားကျရောက်မှုကို ကာကွယ်နိုင်ပါသည်။ သပြုရွက်များကို မြေကြီးတွင် မြေဆွေးအဖြစ် ထည့်ပေးခြင်းဖြင့် မြေဆီလွှာ၏ အာဟာရဓာတ်များ တိုးစေပါသည်။ သပြုဆီကို အခြေခံပြုလုပ်သော ဆပ်ပြာများသည် အရေပြားယားယံခြင်းကို သက်သာစေပြီး ဘက်တီးရီးယား ကို ဖယ်ရှားပေးပါသည်။ သပြုဆီကို ခြင်နှိမ်နင်းဆေး၊ အိမ်မွေးတိရစ္ဆာန်များတွင် သန်းထိန်းချုပ်ရာ တွင် အသုံးပြုနိုင်ပါသည်။

  သပြုပင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်စွမ်းမြင့်မားပြီး လေထုကို သန့်စင်ပေး နိုင်ပါသည်။ မိုးခေါင်ဒဏ်၊ မြေဆီလွှာညံ့ဖျင်းမှုကို ခံနိုင်ရည်ရှိသဖြင့် သစ်တောပြုန်းတီးမှု ကာကွယ် ရာတွင် အသုံးဝင်သဖြင့် သပြုပင်သည် လူသားတို့အတွက် ဘက်စုံအသုံးဝင်သော သဘာဝတန်ဖိုးရှိ သည့် လက်ဆောင်တစ်ပါးဖြစ်ပါကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)