Main menu

လိပ်ဆူးရွှေပင်၏ အသုံးဝင်ပုံများ

Powered by Drupal
Wed, 07/23/2025 - 14:17 -- consumer_admin

    လိပ်ဆူးရွှေပင် (Barleria prionitis) သည် မြေလွတ်မြေလပ်၊ ကုန်းတန်းများနှင့် စိုစွတ်သောဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး မိုးရာသီတွင် အထူးဖြစ်ထွန်းသည်။ အထက်မြန်မာပြည်တွင် အများဆုံးတွေ့ရသည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ရှေးအစဉ်အဆက် ကပင် ကျန်းမာရေးအတွက် အသုံးပြုလာခဲ့ကြသည်။
      အရေပြားရောဂါများဖြစ်သော ဝဲယားနာ၊ ပွေးနာနှင့် အနာပေါက်များကို လိပ်ဆူးရွှေရွက်မှ ထုတ်ယူသော သတ္တုရည်ကို နှမ်းဆီနှင့် ရောချက်၍ လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ အရွက်ပြာကို ထောပတ် သို့မဟုတ် နှမ်းဆီနှင့် ရောလိမ်းပါက အနာများ အမြန်ကျက်ပြီး အသားနုတက် စေသည်။ အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အရွက်ပြုတ်ရည်ကို သောက်သုံးပါက ချွေးထွက်ကောင်းစေပြီး အဖျား၊ချောင်းဆိုးနှင့် အအေး မိခြင်းကို သက်သာစေသည်။ ကလေးများ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ပဉ္စငါးပါး(အမြစ်၊ အရွက်၊အပွင့်၊အသီး၊အခေါက်)ကို ပြုတ်၍ ချင်းခြောက်မှုန့်ဖြူးကာ တိုက်ကျွေးပါက ဝမ်းပျက်ရောဂါ ပျောက်ကင်းစေနိုင်သည်။ သွားနှင့်ခံတွင်းကျန်းမာရေးနှင့်ပတ်သက်၍ အရွက်ကျကျပြုတ်ရည်ကို ခပ်နွေးနွေး ငုံပေးခြင်းဖြင့် နဲ့နေသောသွားများ ပြန်ခိုင်လာစေသည်။ မျိုးဆက်ပွားဆိုင်ရာ အထောက်အကူ သားသမီးမရသော အိမ်ထောင်သည်များ ပဉ္စငါးပါးကို ရေနှင့်ကျိုပြီး တစ်နေ့ ၂၃ ကြိမ် သောက်သုံးပါက ကိုယ်ဝန်ရရှိ စေနိုင်သည်။ ကင်းကိုက်သော ဒဏ်ရာပေါ်သို့ အရွက်သတ္တုရည် ဆွတ်ပေးခြင်းဖြင့် ကင်းဆိပ်ကို ပြေစေနိုင်သည်။ ရောင်ရမ်းနေသော နေရာများကို အရွက်သတ္တုရည် လိမ်းပေးပါက အရောင်ကျ စေသည်။
   လိပ်ဆူးရွှေပင်သည် အိမ်တွင်းဆေးဝါးအဖြစ် အသုံးဝင်သည့်အပြင် ရောဂါကုသရာတွင်လည်း ထိရောက်မှုရှိသော အဖိုးတန်အရင်းအမြစ်တစ်ခုဖြစ်သည်။ ၎င်း၏ ပေါက်ရောက်မှု ကျယ်ပြန့်ခြင်းနှင့် ဆေးဖက်ဝင်ခြင်းတို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာတွင် အရေးပါသောနေရာမှ ပါဝင်နေ ကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)