
သပြုသီးကို ငါးဖြင့်အချဉ်ရည်ဟင်းချက်စားလေ့ရှိပြီး သပြုသီးပေါ်ချိန်၌ငါးရံ့ကိုကွင်းပြီး သပြုသီးနှင့်ချက်သည့် သပြုသီးငါးရံ့ချဉ်ရည်ဟင်းမှာ လူကြိုက်များလှပါသည်။ အချို့ဒေသများတွင် ငါးကြင်း၊ ငါးခူတို့နှင့်လည်းတွဲဖက်ချက်ပြုတ်စားလေ့ရှိပါသည်။ သပြုသီးကို အချဉ်ဟင်းချက်စား ရုံတင်မက ငါးပိချက်လည်းချက်စားကြပါသည်။ သပြုသီး၏အချဉ်အရသာသည် မရမ်းသီး၊ သရက်သီး၊ မန်ကျည်းသီးကဲ့သို့ အချဉ်မစူးပဲ အချဉ်ပြေပြေအရသာရှိပါသည်။ အစာလည်းဆေး ၊ ဆေးလည်းအစာဆိုသကဲ့သို့ သပြုသီးနှင့်ငါးခူကိုချက်စားပါက ကျောက်ကပ်၊ နှလုံးရောဂါများကို သက်သာစေနိုင်ပါသည်။ သပြုသီးကိုဟင်းချိုချက်စားပါက ဆီးချိုရောဂါကိုသက်သာစေခြင်း၊ သပြု သီးကိုပြုတ်ပြီး ငပိရည်နှင့်တို့ပြီးစားပါက နှလုံးအားကောင်းပြီး ဆီးရွှင်စေခြင်း၊ ဆီးကျောက်တည်သူ များအတွက် သပြုသီး၏အရွက်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါက ကျောက်တ ဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းစေနိုင်ခြင်း၊ သပြုသီးအခေါက်ကို ကျောက်ပျဉ်တွင် သွေးလိမ်းပြီး ဆားနှင့်ရောပြီးသောက်ပါက ဝမ်းကိုက်ခြင်း၊ လိပ်ခေါင်းရောဂါများအတွက် ကောင်း ကျိုးပြုနိုင်ပါသည်။ လေးဖက်နာသမားများအတွက် သပြုသီးနှင့်ဆားကိုအချိုးတူပြုတ်ပြီး အငွေ့ခံ ကာ ချွေးအောင်းပေးခြင်းဖြင့် တစ်ကိုယ်လုံးတွင်ရှိသော အပူအပုပ်များ၊ ချွေးများထွက်လာပြီး ခြေဆစ်၊ လက်ဆစ်များမကိုက်တော့ကြောင်း ဆေးပညာစာပေများမှ လေ့လာမှတ်သားရပါသည်။
DOCA(မန္တလေး)