Main menu

ပြည်ပန်းညို

Powered by Drupal
Wed, 07/23/2025 - 11:46 -- consumer_admin
ပြည်ပန်းညိုပင်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်ပြီး အပင်အမြင့်မှာ (၁၀) မီတာ အထိ မြင့်ပါသည်။ တောက်ပသောအဝါရောင်အပွင့်များပွင့်ပြီး မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများတွင်ပေါက်ရောက်တတ်ကြသည်။ အပူပိုင်းနှင့် သမပိုင်းရာသီဉတုများတွင် အများဆုံးတွေ့ရတတ်သည်။ ပန်းခြံအလှပင်များအဖြစ်စိုက်ပျိုးကြပြီး အရွက်နှင့်မျိုးစေ့များကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။ ပြည်ပန်းညိုသည် ကျန်းမာရေး အတွက်များစွာအကျိုးပြုပြီး အထူးသဖြင့် တိုင်းရင်းဆေးများတွင်အသုံးပြုကြသည်။ ပြည်ပန်းညို သည် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသည့်အတွက် ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ အစာခြေ လမ်းကြောင်းဆိုင်ရာကျန်းမာစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အူလမ်းကြောင်းကျန်းမာရေးကို တိုးတက် ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါနှင့်သွေးတွင်းဖိအားကို လည်းပုံမှန်ဖြစ်စေရန် ကူညီပေးခြင်းစသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာရရှိစေနိုင်ပါ သည်။ ပြည်ပန်းညိုသည် ဆေးဖက်ဝင်ရုံသာမက အရွက်နုလေးများကို အတို့အမြှုပ်အနေဖြင့် စားသုံးခြင်း၊ စွန်တာနီပဲဟင်းချိုထဲတွင်ထည့်ပြီး စားသုံးခြင်းများလည်း ရှိပါသည်။ DOCA(မန္တလေး)