Main menu

နေကြာပန်း၏ဆေးဖက်အသုံးဝင်ပုံ

Powered by Drupal
Wed, 07/23/2025 - 11:45 -- consumer_admin
နေထွက်ရာဘက်ကိုသာ အမြဲလှည့်နေသော နေကြာပန်းသည် လူတိုင်းနီးပါးသိရှိကျွမ်းဝင် ကြသည့် ပန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နေကြာပန်း၏ ဆေးဖက်ဝင်ပြီး အသုံး ဝင်ပုံမှာ လူသိနည်းပါသည်။ နေကြာပန်း၏အပွင့်သည် စပ်ပြီးပူသည့်အတွက် ပိုးများကို သေစေ နိုင်ပါသည်။ နေကြာပွင့်သည် အရေပြားယားယံခြင်း၊ အနာပေါက်ခြင်း၊ ပန်းနာ၊ ချောင်းဆိုးခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ကျောက်တည်ခြင်းနှင့် ဆီးအောင့်ခြင်းများကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။ နေကြာအရွက်သည် ခါးနာ၊ ခါးကိုက်ခြင်းများကိုပျောက်ကင်းစေနိုင်ပါသည်။ နေကြာစေ့ သည် ဆီးရောဂါကိုပျောက်ကင်းစေပြီး သလိပ်ကိုလည်းနိုင်စေနိုင်ပါသည်။ အခြားရောဂါများတွင် လည်းများစွာ အသုံးဝင်ပါကြောင်း ဆေးပညာစာပေများမှ ဖတ်ရှုလေ့လာသိရှိရပါသည်။ DOCA(မန္တလေး)