Main menu

ဆေးဖက်ဝင်ဗောက်သီးအကြောင်း

Powered by Drupal
Wed, 07/23/2025 - 11:43 -- consumer_admin
ဗောက်သီးကိုစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကိုပြေစေခြင်း၊ ဆီးချိုဝေဒနာကိုထိန်းညှိပေးခြင်း၊ ကျောက်ကပ်၏လုပ်ငန်း ဆောင်တာများကိုတိုးမြှင့်ပေးခြင်း၊ နှလုံးကျန်းမာသန်စွမ်းစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ကိုလုပ်ဆောင်ပေးနိုင်ပါသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ်လေးနှင့် အရသာ ရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးများနှင့် မုန့်များပြုလုပ်ရာတွင်ထည့်သွင်း အသုံးပြုကြသလို သရေစာအနေဖြင့်လည်း ဗောက်သီးကိုအစိမ်းစားခြင်းမျိုးလည်းရှိပါသည်။ ဗောက်သီးတွင် ကယ်လ်လိုရီပမာဏနည်းပြီး ဗီတာမင်နှင့်သတ္တုဓာတ်အတော်အသင့်ပါဝင်ပါသည်။ ဗောက်သီးတွင်ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုဝေဒနာသည်များ စားသုံးရန်သင့်လျော်ပါသည်။ ဗောက်သီးစားသုံးခြင်းကြောင့်ရရှိလာနိုင်သော ကျန်းမာရေးအကျိုး ကျေးဇူးများမှာ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ သွေးတိုးရောဂါကိုထိန်းညှိပေးခြင်း၊ အဆုတ်ကင် ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ အာရုံကြောပြဿာနာများကိုသက်သာစေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ အရိုးများကို ကျန်းမာကြံ့ခိုင်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးခြင်း၊ အသည်းကျန်းမာစေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ကြောင်း စာပေများမှ မှတ်သားသိရှိရပါသည်။ DOCA(မန္တ‌လေး)