Main menu

ပုဏ္ဏရိတ်ပင်

Powered by Drupal
Wed, 07/23/2025 - 11:42 -- consumer_admin
ပုဏ္ဏရိတ်ပင်သည် အိန္ဒိယတောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့တွင် စတင် ပေါက်ရောက်ပြီး ဆွဲဆောင်မှုရှိသော ပန်းများနှင့်သစ်ရွက်များကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းနှင့် အပူပိုင်းဒေသများတွင် စိုက်ပျိုးလာကြသည်။ အပင်၏ အမြင့်မှာ၄ မီတာမှ ၆မီတာအထိမြင့်ပြီး ချုံပင်အမျိုးအစားဖြစ်ကာ အမြဲစိမ်းသောအပင်ဖြစ်သည်။ ပုဏ္ဏရိတ်ပင်သည် အပင်ငယ်စဉ်တွင်ချော မွေ့၍ နီညိုရောင်ရှိပြီး အပင်ကြီးလာသည်နှင့်အမျှ အခေါက်သည် ကွဲအက်၍ကြမ်းတမ်းလာသည်။ ရွက်ဆိုင်ထွက်သည့်အပင်အမျိုးအစားဖြစ်ပြီး အစိမ်းရင့်ရောင်ရှိ၍ ဘဲဉပုံသဏ္ဍာန်ရှိသည်။ ပန်းတစ် ပွင့်စီတွင် ကြယ်ပွင့်ပုံသဏ္ဍာန်ရှိပြီး ထိပ်ဖျားတွင် ပြန့်ကျဲ၍ပွင့်သည်။ အပွင့်မှာ သေးငယ်၍ ၁-၂စင်တီမီတာခန့်ရှိ၍ အနီရောင်ပန်းပွင့်များသည် စွဲဆောင်မှုရှိသည်။ အသီးသည်သေးငယ်ပြီး အခွံမာသီးအမျိုးအစားဖြစ်ပြီး ရင့်မှည့်ပါက အနီရောင်ရှိသည်။ ပန်းပွင့်ချိန်သည် မတ်လမှ မေလ အထိဖြစ်ပြီး မေလမှ ဇွန်လအထိသည် အသီးသီးချိန်ဖြစ်သည်။ ပုဏ္ဏရိတ်ပင်ကို အလှအဆင် အပင်အဖြစ်စိုက်ပျိုးကြပြီး ဆေးပညာတွင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းတို့တွင်အသုံးပြုနိုင်ပါ ကြောင်း စိုက်ပျိုးရေးစာပေများမှလေ့လာဖတ်ရှု့ရပါသည်။ DOCA(မန္တလေး)