Main menu

စားလို့ကောင်းသောလိုင်ချီးသီး၏ ကျန်းမာရေးအာနိသင်များ

Powered by Drupal
Wed, 07/23/2025 - 11:30 -- consumer_admin
လိုင်ချီးသီးသည် ကျန်းမာရေးအတွက်အကျိုးများသောအသီးတစ်မျိုးဖြစ်ပါသည်။ ကိုယ် အလေးချိန်ကျစေနိုင်သလို အသားအရေကိုလည်းကျန်းမာစေနိုင်ပြီး သွေးလည်ပတ်မှုအားကောင်း စေနိုင်ပါသည်။ အစာကြေစေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ရုံသာမက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေနိုင်ပါသည်။ လိုင်ချီးပင်သည် အပူပိုင်းနှင့် သမပိုင်းဒေသတွင် ပေါက်ရောက်ကြပြီး မျိုးရင်းသည် တရုတ်နိုင်ငံဖြစ်ပါသည်။ အာရှနိုင်ငံအများ စုမှာလည်းပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ၊ တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံ များတွင်လည်းပေါက်ရောက်ကြပါသည်။ လိုင်ချီးသီးသည် အခွံအနီရောင်ရှိပြီး အတွင်းသားဖြူဖြူ လေးနှင့်စားလိုက်လျှင်အရည်ရွှမ်းပြီး အရသာမှာချိုပါသည်။ လိုင်ချီးသီးတွင်အဓိကအားဖြင့် ရေဓာတ် နှင့် ကာဗိုဟိုက်ဒရိတ်တို့ပါဝင်ပြီး အခြားအာဟာရဓာတ်များလည်း ပြည့်ဝစွာပါဝင်ပါသည်။ ကယ်လို ရီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊အဆီဓာတ်၊ ဗီတာမင်စီ၊ ကော့ပါးနှင့် ပိုတက်ဆီယမ်တို့ပါဝင်ပါသည်။ လိုင်ချီးသီးစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူး များမှာ အစာကြေစေနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ သိမြင်မှုစွမ်းရည်ကောင်းမွန်စေနိုင်ခြင်း၊ သွေးပေါင်ကိုထိန်းညှိပေးနိုင်ခြင်း၊ သွေးစီးဆင်းမှုကောင်းစေခြင်း စသည့်ကျန်းမာရေးအာနိသင် များစွာကိုရရှိစေနိုင်ပါသည်။ လိုင်ချီးသီးသည် ကျန်းမာရေးကောင်းကျိုးများစွာရှိသော်လည်း အချို ဓာတ်များသည့်အတွက်ကြောင့် ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် များအနေဖြင့် အလွန်အကျွံစားသုံးရန်မသင့်ကြောင်း ကျန်းမာရေးစာပေများမှ ဖတ်ရှုလေ့လာမှတ် သားရပါသည်။ DOCA(မန္တလေး)