Main menu

စွန်ပလွန်သီးကပေးသောကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Wed, 07/23/2025 - 11:18 -- consumer_admin
စွန်ပလွန်သီးသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးနှင့် အိန္ဒိယတိုက်ငယ်တို့၌ ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးသည့် ချိုမြိန်ပြီး လူကြိုက်များသော သစ်သီးတစ်မျိုးဖြစ်ပါသည်။ စွန်ပလွန်သီး၏ အရသာနှင့်ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ကမ္ဘာတစ်ဝန်းလုံးက စားသုံးကြပါသည်။ စွန်ပ လွန်သီးကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သဘာဝအတိုင်းစားသုံးခဲ့ကြပြီး ရှေးယခင် တည်းကရှိခဲ့သည့် သစ်သီးလည်းဖြစ်သည့်အတွက် ကျန်းမာရေးအသိရှိသူများက စားသုံးကြသည်။ စွန်ပလွန်သီးသည် အစိမ်းစားခြင်းအပြင် မုန့်အချိုများပြုလုပ်ရန်နှင့် ဟင်းလျာအများအပြားချက် ပြုတ်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ စွန်ပလွန်သီးစားသုံးခြင်းဖြင့် ရရှိလာနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ နှလုံးသွေးကြောကိုတိုးတက်စေနိုင်ခြင်း၊ အစာခြေဖျတ်ရာတွင် အထောက်အကူပြုနိုင်ခြင်း၊ အရိုးများကိုသန်မာစေနိုင်ခြင်း၊ ကိုလက်စထရောလျော့ကျစေခြင်း၊ သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း၊ မှတ်ဉာဏ်ကိုတိုးတက်စေနိုင်ခြင်း၊ ရုပ်ပိုင်းခွန်အားတိုးစေခြင်း၊ ညဖက်အမြင်အာရုံချို့ယွင်းမှုမှ ကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များအတွက်ကောင်းမွန်ခြင်းနှင့် အရေပြားကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာ ကိုရရှိစေ နိုင် ကြောင်း ဆေးပညာစာပေများမှဖတ်ရှုလေ့လာမှတ်သားရပါသည်။ DOCA(မန္တလေး)