Main menu

အိုမင်းရင့်ရော်မှုကိုနှေးကွေးစေသော ကြောင်လျှာရွက်

Powered by Drupal
Wed, 07/23/2025 - 11:14 -- consumer_admin
ကြောင်လျှာရွက်၏နုနယ်သောအညွန့်များကို ဟင်းချိုချက်ခြင်း၊ အတို့အမြှုပ်အဖြစ်စား သုံးခြင်း၊ ငပိရည်နှင့်တို့စားခြင်းတို့ဖြင့် သွေးတွင်းကိုယ်လက်စထရောကို ကျဆင်းစေနိုင်ပါသည်။ ကြောင်လျှာရွက်စားသုံးလျှင် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ အဖျားပျောက် စေခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းရှိအမြှေးရောင်ရမ်းခြင်းများကို သက်သာစေနိုင်ခြင်း၊ သွေးကို သန့်စင်စေပြီး သွေးလည်ပတ်မှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိဆဲလ်အမျိုးမျိုး ယိုယွင်းမှုကို နှေးကွေးစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ ဗိုက်အောင့်ဗိုက်နာရောဂါများကို သက်သာစေခြင်း၊ အစာစားချင်စိတ်ကိုတိုးစေခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဆေးပညာစာပေများမှလေ့လာ မှတ်သားရပါသည်။ DOCA(မန္တလေး)