Main menu

ဆေးဖက်ဝင်သော ကိုက်လန်ရွက်

Powered by Drupal
Wed, 07/23/2025 - 11:00 -- consumer_admin
ကိုက်လန်ရွက်တွင်လူကိုဆိုးကျိုးပေးနိုင်သော ကယ်လိုရီပမာဏနည်းပါးပြီး အဆီဓာတ်လုံးဝ မပါသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်စေပါသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် လည်း အသားအရေနှင့် ဝမ်းဗိုက်ပိုင်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။ ကိုက်လန်တွင် သံဓာတ်ပါဝင်သောကြောင့် အမျိုးသမီးများလစဉ် ဓမ္မတာလာခြင်းကြောင့် သံဓာတ်အားနည်း နေပါက ကိုက်လန်ကိုစားသုံးပေးနိုင်ပါသည်။ ကိုက်လန်တွင်ပါဝင်သောသံဓာတ်သည် အသားများ တွင်ပါဝင်သော သံဓာတ်ထက်ပို၍ပမာဏများပါသည်။ ဗီတာမင်ကေပါဝင်သောကြောင့် ကင်ဆာ ရောဂါမျိုးစုံကိုကာကွယ်ပေးပြီး အရိုးကျန်းမာရေးနှင့် သွေးကြောပိတ်ခြင်းမှကာကွယ်ပေးနိုင်ပါ သည်။ ထို့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်းကဲ့သို့ အယ်လ်ဇိုင်းမားရောဂါကိုလည်းကာကွယ်ပေး နိုင်ပါသည်။ နာတာရှည်ရောဂါရှိသူများအနေဖြင့်လည်းကိုက်လန်ကိုစားသုံးပေးသင့်ပါသည်။ ပုံမှန် စားသုံးပေးခြင်းဖြင့် ပန်းနာရောဂါ၊ ကယောင်ခြောက်ခြားရောဂါ၊ နှလုံးရောဂါများကိုသက်သာ စေနိုင်ပါသည်။ ဗီတာမင်အေ ပါဝင်သောကြောင့် အမြင်အာရုံကိုကောင်းမွန်စေပြီး အသားအရည်ကို လည်းချောမွေ့သန့်စင်စေနိုင်သလို အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာရောဂါများမှလည်း ကာကွယ်ပေးပါသည်။ ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကယ်လ်ဆီ ယမ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့်လည်း အရိုးနှင့်သွားကျန်းမာရေးကိုအထောက်အကူပြုပါသည်။ ထို့အပြင် ကိုက်လန်တွင် အမျှင်ဓာတ်နှင့် ဆာလဖာဓာတ်ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဝင်ရောက်မှုကို ကာကွယ်ပေးပြီး အသည်းကျန်းမာရေးကိုလည်းအထောက်အကူ ပြုနိုင်ကြောင်းနှင့် ကိုက်လန်တွင်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာပါရှိကြောင်းကို လေ့လာ မှတ်သားရပါသည်။ DOCA(မန္တလေး)