Main menu

အိမ်တိုင်းစိုက်သင့်သော ပင်စိမ်း

Powered by Drupal
Wed, 07/23/2025 - 11:00 -- consumer_admin
ပင်စိမ်းသည် နာရီပေါင်း(၂၀)ကြာအောင် အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးနိုင်သော အစွမ်း သတ္တိရှိပါသည်။ ရုတ်တရက်အသက်ရှူကြပ်လာပြီး အောက်ဆီဂျင်မရသည့်အခါမျိုးတွင် ပင်စိမ်း ရွက်ကိုထောင်းပြီး အရည်ကိုဆားခတ်ပြီး သောက်သုံးနိုင်ပါသည်။ ပင်စိမ်းပင်ကိုအိမ်တွင်စိုက်ပျိုး သင့်သော အကြောင်းအရင်းများမှာ ပင်စိမ်းရွက်ကိုနေ့တိုင်းစားသုံးပေးခြင်းဖြင့် အူလမ်းကြောင်း၊ ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ်တတ်သော ရောဂါများကိုကင်းဝေးစေပြီး အစာခြေစနစ်ကိုလည်းကောင်း မွန်စေပါသည်။ ပင်စိမ်းရွက်ကိုရေတွင်စိမ်ပြီးနေ့တိုင်းသောက်သုံးပါက ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ ပင်စိမ်းရွက်ကိုရေချိုးမည့်ရေတွင်စိမ်ထားပြီး နောက်နေ့တွင် ထိုရေဖြင့် ရေချိုးပါက ချွေးအနံ့မထွက်အောင် ကာကွယ်ပေးပါသည်။ ပင်စိမ်းရွက်ကို သံပုရာရည်နှင့်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သော ဝဲနှင်းခူနှင့်ယားနာ များကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။ ပင်စိမ်းကိုကျေညက်အောင်ကြိတ်ပြီး စားပေးလျှင် ဆီးနှင့်ပတ်သတ်သောရောဂါများကိုသက်သာစေနိုင်ပါသည်။ ပင်စိမ်းသတ္တုရည်ကို သံပုရာရည် ရောပြီး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ပေးပါက သန်း၊ ဗောက်များကင်းဝေးစေပါသည်။ သန့်ရှင်း သော မြေအိုးရေထဲတွင် ပင်စိမ်းရွက်ထည့်၍နေ့တိုင်းသောက်သုံးပေးပါက ရောဂါများကင်းဝေး စေနိုင်ပါသည်။ ပြတ်ရာ၊ရှရာ ဒဏ်ရာများကို ပင်စိမ်းရွက်ထည့်ပေးပါက အနာလျင်မြန်စွာကျက် နိုင်ပါသည်။ ထို့အပြင် အိမ်တွင်ပင်စိမ်းရွက်ထားခြင်း(သို့) အိမ်ပတ်ပတ်လည်တွင်ပင်စိမ်းပင်များ စိုက်ပျိုးထားခြင်းဖြင့် ခြင်၊ ယင်၊ ပိုးကောင်၊ မြွေများမလာနိုင်အောင်တားဆီးပေးနိုင်ခြင်းကြောင့် အိမ်တိုင်းတွင်ပင်စိမ်းပင်ကိုစိုက်ပျိုးထားသင့်ပါသည်။ DOCA(မန္တလေး)