Main menu

နေကြာစေ့ကပေးသော ကျန်းမာရေးစွမ်းအင်

Powered by Drupal
Wed, 07/23/2025 - 10:58 -- consumer_admin
နေကြာစေ့ဆိုတာနဲ့ နေကြာပန်းကရသော အစေ့သေးသေးလေးကိုမြင်ယောင်မိကြပါသည်။ နေကြာစေ့ကို ရုပ်ရှင်ရုံထဲတွင် တော်တော်များများစားသုံးကြပြီး အပျင်းပြေသရေစာအဖြစ်လည်း လူအများက နှစ်သက်စွာ စားသုံးကြပါသည်။ နေကြာစေ့ကို ဆားအငန်ပါခြင်းနှင့် အငန်မပါခြင်း ဆိုပြီး (၂) မျိုးရှိပါသည်။ သွေးတိုးရောဂါရှိသူများအနေဖြင့် ဆားအငန်ပါခြင်းကိုရှောင်ပြီးစားကြ ပါသည်။ နေကြာစေ့သေးသေးလေးများသည် နှလုံးကျန်းမာရေးကိုအထောက်အကူပြုသည့် အရင်း အမြစ်ဖြစ်ပါသည်။ နေကြာစေ့တွင် ကောင်းမွန်သောအဆီနှင့် နှလုံးကျန်းမာရေးကိုအထောက်အကူ ပြုသော phytosterols ပါဝင်သောကြောင့် သွေးတွင်းကိုလက်စထရောကိုလျော့နည်းစေပြီး နှလုံး ကျန်းမာရေးကိုကူညီပေးပါသည်။ ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ပါဝင်သောကြောင့်လည်း ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ နေကြာစေ့တွင်အမိုင်နိုအက်ဆစ်သည် အမျိုးသမီးများ ဓမ္မတာလာချိန်တွင်ဖြစ်တတ်သော စိတ်တိုလွယ်ခြင်း၊ စိတ်ဆက်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာပြဿာ နာများမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ကာဗိုဟိုက်ဒရိတ်ပါဝင်သောကြောင့် ဦးနှောက် စုပ်ယူမှုစွမ်းအင်ကို ပိုမိုအားကောင်းစေပြီး ဦးနှောက်ဆီသို့ သတင်းအချက်အလက်ပေးပို့မှုကို လည်းမြန်ဆန်စေပါသည်။ ဇင့်ဓာတ်ပါဝင်သောကြောင့်လည်း ကလေးလိုချင်သူအိမ်ထောင်ရှင်များ အနေဖြင့်လည်းစားသုံးပေးနိုင်ပါသည်။ နေကြာစေ့တွင် စိတ်ဖိစီးမှုကိုလျော့ကျစေမည့်အာဟာရ ဓာတ်များအပြင် အိပ်ပျော်စေသည့် သတ္ထုဓာတ်များစွာလည်းပါဝင်ပါသည်။ ညဘက်အိပ်မပျော်သူ များအနေဖြင့်လည်း အိပ်ခါနီးတွင်နေကြာစေ့အနည်းငယ်စားသုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်စေနိုင်ပါသည်။ ထို့ကြောင့် အပျင်းပြေစားနိုင်ရုံသာမက ကျန်းမာရေးအတွက်ပါအထောက်အကူ များစွာရရှိစေနိုင်သော နေကြာစေ့ကို လူတိုင်းအနည်းငယ်စားသုံးပေးသင့်ပါသည်။ DOCA(မန္တလေး)