Main menu

ကင်ဆာရောဂါများအတွက် အစွမ်းထက်သော သမြားနီ

Powered by Drupal
Wed, 07/23/2025 - 10:57 -- consumer_admin
သမြားနီဆေးပင်များသည် မြန်မာပြည်အထက်ပိုင်း နေရာတော်တော်များများတွင် ပေါက် ရောက်သည်။ သမြားနီကို သုံးစွဲခြင်းဖြင့် ပျောက်ကင်းနိုင်သောရောဂါများမှာ ခေါင်းမူးပြီးအသား အရေမမှန်ခြင်း၊ သွေးကင်ဆာဖြစ်ခြင်း၊ လည်ချောင်းကင်ဆာ၊ ဂရင်ဂျီနာ၊ လိပ်ခေါင်းသွေးကျရောဂါ၊ အစာအိမ်ကင်ဆာ၊ အမျိုးသမီးရောဂါများ၊ ခုခံအားကျဆင်းသည့်ရောဂါ၊ ဘီပိုး၊ စီပိုး၊ ကူးစက် တတ်သည့်ရောဂါများကိုပျောက်ကင်းစေပါသည်။ HIVရောဂါသမားများအတွက် သမြားနီဆေးပင်ကို ရေစင်အောင်ဆေးကြောပြီး ပဉ္စငါးပါးပြုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပေးပါက သက် သာစေနိုင်ပါသည်။ သွေးကင်ဆာသမားများအတွက် သမြားနီဆေးပင်ကိုအရည်ညှစ်ပြီး မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ်သောက်သုံးပေးပါက သက်သာစေနိုင်ပါသည်။ လည်ချောင်းကင်ဆာ သမားများအတွက် သမြားနီကို အရွက်၊ အမြစ်၊ ဉ တို့ကိုအစိမ်းကြိတ်ပြီး မနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညတစ်ကြိမ်သောက်သုံးပေးပါက လည်ချောင်းနာခြင်းများကိုသက်သာစေပြီး လည် ချောင်းကင်ဆာဝေဒနာကိုသက်သာစေနိုင်ပါသည်။ ဂရင်ဂျီနာသမားများအတွက် ပဉ္စငါးပါးကိုသုံး ခွက်တစ်ခွက်တင်ပြုတ်သောက်ပေးပြီး အရွက်ကိုအရည်ညှစ်ပြီး ဂရင်ဂျီနာအနားကို အုပ်ပေးပါက သက်သာစေနိုင်ပါသည်။ လိပ်ခေါင်းသွေးကျသမားများ၊ အစာအိမ်သမားများအတွက် ပဉ္စငါးပါးကို ပြုတ်ပြီး သုံးခွက်တစ်ခွက်တင် သောက်ပေးပါကရောဂါများပျောက်ကင်းစေနိုင်ကြောင်း ဆေးပညာ စာပေများမှလေ့လာမှတ်သားသိရှိရပါသည်။ DOCA(မန္တလေး)