
တစောင်းဖူးသည် အပူပိုင်းဒေသများတွင်ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်ပြီး တစောင်း ပင်မှရသောအဖူးကိုခေါ်ဆိုခြင်းဖြစ်သည်။ ရေနံချောင်း၊ ချောက်၊ ပခုက္ကူစသောအညာဒေသများတွင် ပေါများစွာပေါက်ရောက်ကြသည်။ တစောင်းဖူးသည်ကြာဖူးနှင့်ဆင်တူပြီး တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးဟုလည်းခေါ်ကြပါသည်။ တစောင်းဖူးကိုအပွင့်မပွင့်မီ အဖူးကိုခူးပြီးဟင်းလျာအဖြစ်စား သုံးကြပါသည်။ တစောင်းဖူးသည် တစ်နှစ်မှတစ်ခါသာမိုးရာသီတွင်ရတတ်ပြီး မိုးရာသီစာဟု ဆိုကြ ပါသည်။ တစောင်းဖူး၏ ဆေးဖက်ဝင်ပုံများမှာ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ သွေးတိုးရော ဂါကိုသက်သာစေနိုင်ခြင်း၊ နှလုံးရောဂါမှကာကွယ်ပေးနိုင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများကို သက်သာစေနိုင်ခြင်းအပြင် တစောင်းဖူးကိုပြုတ်ရည်ပြုလုပ်၍သောက်သုံးပေးပါက ဆီးချို၊ သွေးချို ရောဂါကိုသက်သာပျောက်ကင်းစေနိုင်ခြင်း၊ ဝမ်းကိုက်ပါက တစောင်းဖူးကို ချက်စား ခြင်းဖြင့် သက်သာစေနိုင်ကြောင်း ဆေးပညာစာပေများမှလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)