Main menu

အာဟာရကြွယ်ဝသည့် မျောက်ငိုသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Wed, 07/23/2025 - 10:52 -- consumer_admin
ဈေးကွက်ထဲတွင်သိပ်မတွေ့ရသော်လည်း အွန်လိုင်းမှတစ်ဆင့် မှာယူစားသုံးကြသည့် အစား အစာတွေထဲတွင် မျောက်ငိုသီးလည်းပါဝင်ပါသည်။ ဒညင်းသီးနှင့်အရသာချင်းတူသော မျောက်ငို သီးကို မစားဖူးသေးသူများရှိသော်လည်း နှစ်သက်သူများသည်အွန်လိုင်းမှ တကူးတကမှာယူစား သုံးကြပါသည်။ မျောက်ငိုသီးတွင် ပရိုတင်း၊ အကျိုးပြုအဆီဓာတ်များ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးနှင့် ဗီတာမင်များစုံလင်စွာ ပါဝင် သောကြောင့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများလှပါသည်။ မျောက်ငိုသီးကို အိန္ဒိယ၊ အင်ဒိုနီး ရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင်လူကြိုက်များပါသည်။ မျောက်ငိုသီးတွင်ပါဝင်သော ဖော့စ ဖရပ်စ်သည်အရိုးပွခြင်းကိုကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲတွင် ပုံမှန်ဆဲလ်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးနိုင်ပြီး သွားကျန်းမာရေးအတွက်လည်းမရှိမဖြစ်လိုအပ်ပါသည်။ လူ့ခန္ဓာကိုယ်၏ အာရုံကြောစနစ်နှင့် ဦးနှောက်လုပ်ဆောင်ချက်များကို မှန်ကန်စေရန် ပိုတက်ဆီယမ်အလုံ အလောက်ရရှိဖို့လိုအပ်ပါသည်။ ပိုတက်ဆီယမ်ချို့တဲ့လျှင် ရေဓာတ်ဆုံးရှုံးခြင်း၊ ပြင်းထန်စွာခေါင်း ကိုက်ခြင်း၊ ဂလင်းနှင့်တစ်သျှူးများရောင်ရမ်းခြင်း၊ ရင်တုန်ခြင်းစသည့်လက္ခဏာများဖြစ်လာနိုင် ပါသည်။ မျောက်ငိုသီးတွင်ပါဝင်သော မဂ္ဂနီဆီယမ်ကြောင့် စိတ်ကြည်လင်စေပြီး စိတ်ပိုင်းဆိုင်ရာ နှင့်ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းများကို ပိုကောင်းမွန်စေပါသည်။ မျောက်ငိုသီးသည် သွေးတွင်း သကြားဓာတ်ကိုထိန်းပေးနိုင်သည့် အစွမ်းသတ္တိလည်းပါဝင်ပါသည်။ ဘတ်တီးရီးယားများကို သေစေပြီး ရောဂါပိုးဝင်ခြင်းမှကာကွယ်ပေးနိုင်သည့်အစွမ်းနှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်ပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါသည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ မျောက်ငိုသီး တွင် ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုသော်လည်း တစ်ကြိမ်တည်းနှင့်အများကြီးစားသုံးဖို့ မသင့်လျော်ပါ။ မျောက်ငိုသီးတွင် အမိုင်နိုအက်ဆစ်ပါဝင်မှုများသောကြောင့် ကျောက်ကပ်ထိခိုက်နိုင် ပါသည်။ ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မျောက်ငိုသီးကိုရေစိမ်ပြီး မှ ချက်ပြုတ်စားသောက်သင့်ကြောင်း လေ့လာဖတ်ရှု့သိရှိရပါသည်။ DOCA(မန္တလေး)