Main menu

ကျန်းမာရေးအတွက် အသုံးဝင်သောသရက်ရွက်

Powered by Drupal
Tue, 07/22/2025 - 16:26 -- consumer_admin
လူတော်တော်များများသည် သစ်သီးများကိုသာစားလေ့ရှိပြီး အသီးပင်မှရသော အရွက် များကို စားလေ့စားထမရှိကြပါ။ စားသုံးလို့ရကြောင်း မသိကြတာများရှိကြသလို စားသုံးရန် မသင့်တော်ဘူး ဟုထင်နေကြတာမျိုးလည်းရှိပါသည်။ အသီးသည် အရွက်လောက်အရသာ မရှိခြင်း ကြောင့်လည်း စားသုံးခြင်းမရှိကြသည် များလည်းရှိပါသည်။ အရသာရှိသော သရက်သီးသည် ကျန်းမာရေးအတွက်အထောက်အကူပြုရုံတင်မကဘဲ အရွက်သည်လည်းဆေးဖက်ဝင်ပါသည်။ သရက်ရွက်တွင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်‌အေ တို့ကြွယ်ဝစွာပါဝင်ပါသည်။ ထို့အပြင် သရက်ရွက်တွင် ဖလေဗာနွိုက်၊ phenol တို့ပါဝင်သည့်အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်များစွာ အထောက်အကူပြုပါသည်။ သရက်ရွက်သည် ဆီးချို ရောဂါ၏အစောပိုင်းအဆင့်များတွင်ထိရောက်သည့် သက်ရောက်မှုများကိုပေးနိုင်သည့် tannins နှင့် anthocyanins တို့ပါဝင်ပါသည်။ သွေးကြောများကိုကျန်းမာသန်စွမ်းစေပြီး သွေးပေါင်ချိန်ကိုထိန်း ညှိပေးနိုင်သောကြောင့် သွေးတိုးရောဂါကိုသက်သာစေနိုင်သည့်အာနိသင်ရှိပါသည်။ သရက်ရွက်ကို အမှုန့်လုပ်ပြီး စားသုံးပေးမည်ဆိုလျှင် သည်းခြေနှင့်ကျောက်ကပ်တွင် ကျောက်တည်သည့်ဝေဒနာ များကိုလည်းသက်သာစေနိုင်ပါသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကိုလည်း သက်သာ စေနိုင်ပြီး သရက်ရွက်ပြုတ်ရည်ကိုပျားရည်နှင့်ရောစပ်ပြီးသောက်သုံးပေးပါက အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းဝေဒနာများကိုသက်သာစေပါသည်။ ဝမ်းကိုက်နေသူများအနေဖြင့် လည်း သရက်ရွက်အခြောက်ခံထားသည့်အမှုန့်ကို သောက်သုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထိခိုက်ဒဏ်ရာရသူများအတွက်လည်း အနာကိုပိုးမဝင်စေရန် သရက်ရွက်ပြုတ်ရည်နှင့်အနာကို ဆေးပေးနိုင်သည်။ အလှအပအတွက်လည်း သရက်ရွက်သည် အသုံးဝင်ပါသည်။ သရက်ရွက်မှုန့်ကို ဒိန်ချဉ်နှင့်ရောစပ်ပြီးလိမ်းပေးခြင်းဖြင့် မျက်နှာပေါ်မှဝက်ခြံများနှင့် ဝက်ခြံကြောင့်ကျန်ခဲ့သော အမာရွတ်များကို သက်သာစေပါသည်။ ဝက်ခြံတင်မကဘဲ မျက်နှာပေါ်မှအမဲစက်များကိုသက်သာ စေနိုင်သလို အသားအရေမညီညာခြင်းမှလည်းသက်သာစေနိုင်ပါသည်။ သရက်ရွက်ပြုတ်ရည်ကို ရေချိုးသည့်အခါ(၂)ခွက်(၃)ခွက်စာထည့်ချိုးပေးမည်ဆိုလျှင် ခန္ဓာကိုယ်ကိုလန်းဆန်းစေနိုင်ပြီး စိတ်ဖိ စီးမှုကိုလည်းသက်သာစေပါသည်။ ထိုသို့အသုံးဝင်သောသရက်ရွက်ကို အလကားလွှင့်ပစ်တာ မျိုးမလုပ်ဘဲ အကျိုးရှိရှိအသုံးချသင့်ကြောင်း ဖတ်ရှု့လေ့လာသိရှိရပါသည်။ DOCA(မန္တလေး)