
ဗန်ဒါပင်၏ မူရင်းဒေသသည် အရှေ့အလယ်ပိုင်းဒေသဖြစ်သည့် အီရန်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့ပေါက်ရောက်တတ်ပြီး ဗန်ဒါပင်သည် အကြီးမြန်ပြီး အရွက်သည်တစ်ဆင့်ပြီးတစ်ဆင့်အတက်မြန်သောကြောင့် အရိပ်ရပင်အဖြစ် စိုက်ပျိုး လေ့ရှိကြသည်။ ဗန်ဒါစေ့သည် ဗီတာမင်အီးကြွယ်ဝစွာပါဝင်သောကြောင့် ဝက်ခြံပေါက်သူတွေသာ မက အရေပြားရောဂါရှိသူများလည်း မဖြစ်မနေစားသုံးပေးသင့်ပါသည်။ ဗီတာမင်အီးသည် အသား အရေတစ်ခုတည်းအကျိုးပြုရုံတင်မကဘဲ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမား (အသိ စိတ်ချို့ယွင်းခြင်း)ရောဂါများ ဖြစ်ပွားနိုင်ချေကိုပါလျော့နည်းစေပါသည်။ ဗန်ဒါစေ့တွင် မဂ္ဂနီဆီယမ် ဓာတ်များပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်၏သွေးဖိအားကျဆင်းရန်အတွက် အထောက်အကူပြု ပါသည်။ ခန္ဓာကိုယ်တွင် သွေးဖိအားတက်နေလျှင် နှလုံး၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်တို့ကို ထိခိုက်နိုင်သောကြောင့် မဂ္ဂနီဆီယမ်ဓာတ်ရရှိမည်ဆိုလျှင် သွေးဖိအားကျဆင်းရန်အတွက်များစွာ အထောက်အကူပြုနိုင်ပါသည်။ ဗန်ဒါစေ့သည် အသားအရေကိုပြန်လည်နုပျိုစေပြီး မှတ်ဉာဏ်စွမ်း အားများလည်း ကောင်းစေသောကြောင့် အမျိုးသား၊ အမျိုးသမီးအရွယ်(၃)ပါးမရွေးစားသုံးသင့် ပါသည်။ ဗန်ဒါစေ့စားခြင်းအားဖြင့် အူသိမ်၊ အူမများနှင့် အတွင်းပိုင်းအကျဆုံးအူများအားလုံးကို သန့်စင်စေသည့်အပြင် အစာအိမ်ထဲရှိ အကျိုးပြုဘတ်တီးရီးယားများကို လှုံဆော်ပေးသောကြောင့် အစာချေဖျတ်မှုကိုအားပေးကာ ဝမ်းပုပ်များကိုသက်သာစေပြီး အစာခြေအင်္ဂါအဖွဲ့အစည်းများလည်း သန့်စင်သွားသောကြောင့် အသားအရေကိုကောင်းမွန်စေပါသည်။ ယခုလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသောဗန်ဒါစေ့ကို အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံတချို့တွင် မင်္ဂလာပွဲနှင့် အခမ်းအနားများ၌ ဗန်ဒါစေ့ကိုဆားနှင့်လှော်ပြီး ဧည့်ခံခြင်းများ၊ ဗန်ဒါစေ့အမှုန့်ကို နွားနို့နှင့်ရော ပြီးသောက်ခြင်းများ၊ ရိုးရာဟင်းလျာများတွင်လည်း ထည့်၍ချက်ပြုတ်စားသောက်လေ့ရှိကြောင်း သိရှိရသည်။
DOCA( မန္တလေး)