
တောဇီးဖြူပင်သည် ရှေးယခင်တည်းကအသုံးပြုခဲ့သော ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ် ပါသည်။ ခါးသက်သောအရသာရှိပြီး အကျိုးကျေးဇူးများစွာရှိပါသည်။ အထူးသဖြင့် အသည်းကို အားဖြည့်ပေးပြီး အသည်း၏တန်ဖိုးကိုပိုကောင်းအောင်လုပ်ဆောင်ပေးခြင်း၊ အသည်းရောင်ရမ်း မှုကိုလျော့ချပေးနိုင်ခြင်း၊ အသည်းကိုပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ပေးပါသည်။ တောဇီး ဖြူပင်သည် အဖျားကိုလျှော့ချပေးခြင်း၊ ကိုယ်လုံးဝါခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါရောဂါများ ကိုသက်သာစေနိုင်ပြီး ဆီးရွှင်စေကာ ဖောရောင်ခြင်းများကိုလျော့ချပေးနိုင်ပြီး ဆီးချုပ်ခြင်း၊ ဆီးသွားခြင်းခက်ခဲများကိုလည်းသက်သာစေနိုင်ပါသည်။ သေးငယ်သော ကျောက်ကပ်ကျောက် တည်ခြင်းများကိုချေဖျက်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလျော့ချပေးနိုင်ကာ သွေးကြော ထဲကအဆီဓာတ်များကိုလျော့ချပေးခြင်း၊ သွေးပေါင်ချိန်ကိုလျော့ချပေးခြင်းများကို လုပ်ဆောင်ပေး နိုင်ပါကြောင်း ဆေးပညာစာပေများမှလေ့လာဖတ်ရှု့ရပါသည်။
DOCA(မန္တလေး)