
မြန်မာနိုင်ငံတွင် ပဲအမျိုးမျိုး စိုက်ပျိုးစားသုံးလျှက်ရှိရာ စားတော်ပဲသည်လည်း လူကြိုက် အများဆုံး သီးနှံတစ်မျိုးဖြစ်ပါသည်။ စားတော်ပဲကို စားတော်ပဲပြုတ် ပြုတ်၍ ရောင်းချကြပြီး နံနက်စာ အဟာရ ထမင်းဖြူဖြူလေးကို ပဲပြုတ်လေးနှင့်မြေပဲဆီ၊ နှမ်းဆီ မွှေးမွှေးလေး ဆီဆမ်း ကာ ငါးပိထောင်း သံပုရာရည်ညှစ်ကလေးဖြင့် စားသုံးပါက ထမင်းမြိန်စေသည့် ဟင်းလျာတစ်မျိုး ဖြစ်သည်။ စားတော်ပဲပြုတ်တွင် ဗီတာမင်နှင့်သတ္ထုဓါတ် အလုံအလောက်ပါရှိပြီး ဘေးဖြစ်စေ တတ်သော ကိုလက်စထရော လုံးဝမပါရှိသောကြောင့် နေ့စဉ်စားသုံးပေးသင့်ပါသည်။ စားတော်ပဲ ပြုတ်တွင် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ သွေးအားနဲ ခြင်းနှင့်အလွန်အမင်းမောပန်းခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဖောလိပ်ဓါတ်များစွာ ပါဝင်သော ကြောင့် စားတော်ပဲပြုတ်ကို စားသုံးပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ်များ ဦးနှောက်နှင့် အာရုံကြောဝေဒနာဖြစ်နိုင်မှုနဲပါးသလို အမျိုးသမီးများသွေးဆုံးကိုင်ခြင်းမှ ကင်းဝေးနိုင်ကြောင်း ဆေးပညာဗဟုသုတမှ လေ့လာသိရှိရပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသော အာဟာရ ဓါတ်ကြွယ်ဝစွာပါဝင်သည့် စားတော်ပဲပြုတ်ကို နေ့စဉ်စားသုံးပေးသင့်ပါသည်။ နေ့စဉ် နံနက် မိုးလင်းတာနဲ့ စားတော်ပဲပြုတ်ရောင်းချသူများရှိပြီး အလွယ်တကူဝယ်ယူစားသောက်နိုင်ပါ သည်။ စားတော်ပဲပြုတ် ရေနွေးကြမ်းပန်းကန်လုံးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျှက် ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)