Main menu

ဖလံတောင်ဝှေးအသုံးဝင်ပုံ

Powered by Drupal
Tue, 07/22/2025 - 15:39 -- consumer_admin
ဖလံတောင်ဝှေးပင်သည် ဆေးဖက်ဝင်သော အပင်တစ်မျိုးဖြစ်သည်။ ဖလံတောင်ဝှေးပင် အမြစ်ကိုထောင်း၍ နှာစေး၊ ချောင်းဆိုး၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ ၊မြွေကိုက်ခြင်း တို့တွက်ဆေးမြီးတိုအနေဖြင့် အသုံးပြုနိုင်သည်။ အမျိုးသမီးရောဂါများဖြစ်သော သားအိမ်နှင့် ပတ်သတ်သောရောဂါများ၊ အမျိုးသားရောဂါများဖြစ်သော အူကျခြင်းတို့တွက်လည်း အသုံးဝင် ပေသည်။ အမျိုးသမီးများတွင်ဖြစ်သော ရင်သားအဖုအကျိတ်များတွက် ဖလှံတောင်ဝှေးကို ထုထောင်း၍ အကျိတ်ပေါ်အုံပေးခြင်းဖြင့် အကျတ်ကျေနိုင်ပါသည်။ နို့တိုက်မိခင်များအနေဖြင့် ဟင်းခါးချက်သောက်ခြင်းဖြင့် နို့ကြောပိတ်ခြင်း၊နို့မထွက်ခြင်း၊ နို့အနာပေါက်ခြင်း တို့အား သက်သာစေပါသည်။ အမဲသားနှင့်ချက်စားခြင်းဖြင့် ဆီးရောဂါနှင့်ပတ်သတ်သည်များလည်း သက်သာစေနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်နှင့်ရော၍ချက်စားခြင်းဖြင့် အမျိုးသမီးများတွက် သွေးဆုံးကိုင်ခြင်းကိုသက်သာစေနိုင်ပါသည်။ ဆီးချို၊ခါးနာတက်သော လူနာများအနေဖြင့် ငရုပ်ကောင်းစေ့နှင့် ကျိုချက်၍သောက်သုံးလျှင် အလွန်အသုံးဝင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဖလှံတောင်ဝှေးပင်သည် စားသုံးသင့်သော ဆေးဖက်ဝင်အပင်ဖြစ်ပေသည်။ DOCA(မန္တလေး)