Main menu

ကျန်းမာရေးနှင့်ညီညွတ်သောငါးကလေးများ

Powered by Drupal
Mon, 07/21/2025 - 16:04 -- consumer_admin
ဖြူးမြို့မဈေးအတွင်း အသားနှင့်ငါးမျိုးစုံ ရောင်းချလျက်ရှိရာ ယခုအခါ မိုးရာသီ ဖြစ်သည့် အတွက် ငါးဇင်ကာ၊ ငါးလူး နှင့် ငါးဗျက်လေးများ ပေါများစွာ တွေ့ရသည်။ ထိုငါးကလေးများကို ဖြူးမြို့ အနီးတဝိုက် ကျေးရွာများမှ ဖြူးမြို့မဈေးသို့ လာရောက်ရောင်းချ ကြသည်။ ယခင်နှစ်က ငါးကလေးများ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်၊ ပိဿာလိုက် ယူလျှင် ၄၀၀၀ ကျပ် ရှိခဲ့ရာ ယခုနှစ်တွင် ငါးကလေးများ ဈေးနှုန်းမြင့်တက်လာပြီး တစ်ဆယ် ကျပ် သား ၁၀၀၀ ကျပ်နှင့် အများဈေးယူလျင် ၈၀၀ကျပ်ဖြင့်ရောင်းချပါသည်။ ကလေးငယ်များအား ကြော်ကြွေးလျှင်လည်း အရိုးအဆစ်များသန်မာပြီး ဉာဏ်ကောင်းစေ၍ ဗီတာမင် ကြွယ်ဝစွာ ပါဝင်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ပြီး ကျန်းမားရေးနှင့်လည်း ညီညွှတ်သည့်အတွက် အရောင်းအဝယ်ကောင်းကြောင်း ဖြူးမြို့မဈေးရှိ ဈေးသည်များထံမှ သိရှိရသည်။ DOCA(ပဲခူး)