Main menu

ရာသီစာမျှစ်နှင့်မျှစ်၏အဟာရတန်ဖိုးများ

Powered by Drupal
Mon, 07/21/2025 - 15:40 -- consumer_admin
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသည် ပဲခူးရိုးမတောင်ခြေများ အနီးရှိ ဝါးရုံတောများမှ မျှစ်များရရှိပါသည်။မျှစ်များလှိုင်လှိုင်ထွက်ရှိသော မိုးဦးကျကာခါစ၊ ဇွန်၊ ဇူလှိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသော လများဖြစ်ပါသည်။တောင်ပေါ်တောများမှ အများဆုံး စားသုံးသော မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ်နှင့်ဝါးပိုးမျှစ် တို့ဖြစ်ကြပါသည်။ ကျေးလက်တောရွာများတွင် စိုက်ပျိုးထားသော ဝါးပိုးဝါးမျှစ်များကို မျှစ်ချဉ် ထည့်၍ ရောင်းချ လေ့ ရှိကြသည်။ သိုက်မျှစ်များသည် အရင်ဦးဆုံးပေါ်သော မျှစ်ဖြစ်ပြီး ပေါ်စအချိန်တွင် ဈေးကွက်တွင် ဈေး ကောင်း ရရှိပါသည်။ မျှစ်များကိုကြော်စား၍ ၎င်း ၊ အိုးကြီးများတွင်ထဲ့၍ ၎င်း၊ ကော်ပုံးကြီး ထဲများတွင် ဆားထည့်၍ တစ်နှစ်ပတ်လုံးစားသုံးရန် ဝယ်ယူထဲ့ ထားလေ့ရှိပါသည်။ ကြသောင်း မျှစ်များကိုတော့ အချိုချက်စား၍၎င်း၊ ကြော်စား၍၎င်း စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်နှင့် ဝါးဖြူမျှစ် များ ကိုတော့ ငါးပိရည် တို့စရာအဖြစ် စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်များ ပေါ်စ အချိန်တွင် တစ်ဆယ် ကျပ်သား လျှင် ၁၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူရပါသည်။ ကြသောင်းမျှစ်နှင့် မျှင်မျှစ်တို့ပေါ်စအချိန် တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်တွင် ၄၀၀၀ ကျပ် မှ ၃၀၀၀ ကျပ်၊ ဝါးဖြူမျှစ်တစ်ပိဿာ ပေါ်စအချိန်တွင် ၆၀၀၀ ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်နှင့် ယခုအချိန်ထိ တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဈေး ဖြင့် ဝယ်ယူ စားသုံးနေကြပါသည်။ ဝါးပိုးမျှစ်ချဉ် တစ်ဆယ် ကျပ်သားလျှင် ၈၀၀ ကျပ်ဈေးဖြင့် စားသုံး နေကြပါ သည်။ မျှင်မျှစ်(ခေါ်) မျှစ်နီများကို ဒေသတွင်း စားသုံးနိုင်ရုံမကရန်ကုန်မြို့ကြီးများသို့ လည်းတင်ပို့ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။ ယခုနှစ်တွင် မျှစ်များသည် ယခင်နှစ်ပေါ်ကာစအချိန် ဈေးနှုန်းမှာတစ်ဆယ်ကျပ်သား (၅၀၀/) ကျပ် ဖြစ် သော်လည်း ယခုနှစ်တွင် တစ်ဆယ်ကျပ်သားကို (၆၀၀၀-/)ကျပ်ဈေးတို့ဖြင့် ဝယ်ယူစားသုံး ရပါသည်။ လူတိုင်းရာသီစာ မျှစ်များကို နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။ ဆေးဖက်ဝင်မျှစ်အကြောင်း - ဝါးမျိုးနယ်ဝင်မျှစ်ကို အင်္ဂလိပ်လို (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa Vulgaris, Phyllostachys Edulis ဟုခေါ်ပါသည်။ရက်သတ္တနှစ်ပတ်သား မတိုင်းခင် ဝါးပင်ပေါက်အရွယ်မှာ ချိုးယူ၍မျှစ်အဖြစ် စားသောက်နိုင်သည်။မျှစ်ကိုချက်ချင်း လက်ငင်းချိုးယူစားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း စားသုံးနိုင်သည်။ဝါးပင်ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်ရုံမျှမက ဝါးပင်နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ်ယက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် အထပ်သား၊ထရံ၊ကုလားထိုင်၊ အိမ်အမိုးအကာနှင့်ဝါးတိုင်စသည့်ဖြင့် လူ့အသုံး ဆောင်ပစ္စည်းများအတွက် အသုံးဝင်လှသည်။ မျှစ်နှင့်မြန်မာဆေးကျမ်း - ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင် မျှစ်နုသည် ဖန်သောအရသာ၊ချိုသော အရသာရှိ၏။ပူ၏။သလိပ်ကိုနိုင်၏ဟု ဆိုထားပါသည်။ဘာဝပ္ပကာသကျမ်းတွင် မျှစ်သည်ချို၏။ပူ၏။ ဖန်၏။လေသလိပ်ကိုပျက်စေတတ်၏ဟု ဆိုထားပါသည်။သုဿုတကျမ်းတွင် မျှစ်သည်ချို၏။ဖန်၏။ ဝမ်းမီးချက်ပြီးနောက်ပျက်စေတတ်၏ဟုဆိုထားပါသည်။ မျှစ်နှင့်ကျန်းမာရေး - လတ်လတ်ဆတ်ဆတ် ၁၀၀ ဂရမ်အလေးချိန်ရှိသော ဝါးပင်ပေါက် မျှစ်စို့တွင် ၁၂ ကယ်လိုရီပါရှိပြီး ပရိုတင်းဓာတ်၊ ရေဓာတ်၊ ကြေညက်လွယ်သောအမျှင်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ် အိုမီဂါ ၆ ဖက်တီးအက်စစ်တို့အပြင် ဗီတာမင်ဓာတ်များဖြစ်ကြသော သီအာမင်၊ရီဘို ဖလာဗင်၊ နီအာစင်၊ဗီတာမင်ဘီ ၆၊ဖောလိပ်၊ပန်တိုသင်းနစ် အက်စစ်တို့ပါရှိပါသည်။ ထို့ပြင်သတ္တုဓာတ်များဖြစ်ကြသော ကယ်လ်စီယမ်၊သံဓာတ်၊မဂ္ဂနီစီယမ်၊မီးစုန်း၊ပိုတက်စီယမ်၊ ဇင့်၊ကော့ပါး၊မဂ္ဂနီးစ်၊စီလီနီယမ်တို့လည်း အသီးသီးပါရှိကြသည်။ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ အမျှင်ဓာတ်ကြွယ်ဝသောမျှစ်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးထဲရှိမကောင်း သော LDL ကိုလက်စထရောအဆီကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း သိရသည်။ Phytonutrients ကြွယ်ဝသောမျှစ်က နှလုံး၏စွမ်းဆောင်ချက်ကို ကောင်းမွန်အောင်ထိန်း သိမ်းပေးခြင်း၊LDK ကို လက်စထရော လျှော့ချပေးနိုင်ခြင်း၊မျှစ်တွင်ပါရှိသော ပိုတက်စီယမ်ဓာတ်က နှလုံးကိုပုံမှန်အလုပ်လုပ်စေခြင်း စသည့်အကျိုးဆက်များကြောင့် မျှဏ်ကိုစားသုံးခြင်းဖြင့် နှလုံး ရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။မျှစ်သည်ကယ်လိုရီနှင့် အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါကြွယ်ဝသဖြင့် ကိုယ်အလေးချိန်ကျလိုသူများက မျှစ်ကိုစားသုံးပေးသင့်သည်။ထိုပြင် အမျှင်ဓာတ်များသော မျှစ်ကိုစားခြင်းဖြင့် အစာအိမ်ကိုပြည့်တင်းစေကာ နောက်ထပ်အစာစားချင် စိတ်ကို ချိုးနှိမ်ပေးသောကြောင့် ကိုယ်အလေးချိန်မတက်စေရန် တစ်ဖက်တစ်လမ်းမှကာကွယ်ရာ ရောက်ပါသည်။မျှစ်ထဲတွင်ပါရှိသော သဘာဝ phytonutrients များကအစွမ်းထက်မြက်သော ဓာတ်တိုးဆန်ကျင်ပစ္စည်းအဖြစ် စွမ်ဆောင်ပေးသကဲ့သို့ DNA ပျက်စီးစေတတ်သော ခန္ဓာကိုယ်ကို ဆိုးကျိုးပေးသည့် ဖရီးရယ်ဒီကယ်လ်များကိုလည်း တိုက်ထုတ်ပေးနိုင်သဖြင့် ကင်ဆာရောဂါများ မဖြစ်စေရေးအတွက်မျှစ်ကိုစားပေးသင့်သည်။ထိုပြင်မျှစ်ထဲတွင်ပါရှိသော chlorophyll ကကင်ဆာ ဆဲလ်များဖြစ်မလာအောင် ကာကွယ်ပေးသည်။မျှစ်ထဲတွင် anti-inflamatory ဂုဏ်သတ္တိများက ဗက်တီးရီးယားနှင့် ကူးစက်ရောဂါပိုးအန္တရာယ်ကြောင့် ဖြစ်တတ်သော ခန္ဓာကိုယ်၏ ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာများကို လျော့ချပေးနိုင်စွမ်းရှိသည်။ အမျှင်ဓာတ်ပေါကြွယ်ဝသော မျှစ်ကိုစားပေးခြင်းဖြင့် အစာကြေညက်စေကာ အူထဲရှိ ကောင်းကျိုးပြုသော ဗက်တီးရီးယားတို့ကို ကြီးထွားစေသည်။ထို့ပြင်အူသိမ်အူမတို့၏ လုပ်ငန်း ဆောင်တာကို ချောမွေ့စေကာ အူထဲရှိကောင်းကျိုးပြုသော ဗက်တီးရီးယားတို့ကို ကြီးထွားစေ သည်။ထိုပြင်အူသိမ်အူမတို့၏ လုပ်ငန်းဆောင်တာကို ချောမွေ့စေကာ ဝမ်း(မစင်)ကို သက်သက် သာသာ ထွက်စေနိုင်၍ ဝမ်းချုပ်တတ်သူများအနေဖြင့် မျှစ်ကိုမကြာခဏ စားပေးသင့် ပါသည်။ မျှစ်သည်ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်ခံ စွမ်းအားကို တိုးတက်မြင့်မားစေပါသည်။ရင်ကျပ်ချောင်းဆိုးခြင်းနှင့်အသက်ရှူလမ်းကြောင်း ပိတ် ဆို့ခြင်းအတွက် မျှစ်ကိုပြုတ်၍ ရလာသောအရည်ကို ပျားရည်စစ်စစ်ဖြင့် သောက်ပေး နိုင် သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်လည်း မျှစ်ကိုစားပေးပါ။ မျှစ်ပြုတ်ရည်သောက်ပါ။ မျှစ်က သွေးတိုးကျစေသည်။ထို့ပြင်မျှစ်ထဲမှာ ပိုတက်စီယမ်မြင့်မားစွာ ပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ အရည် ဓာတ် များကို ထိန်းညှိပေးသောကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးနိုင်သည်။မျှစ်က ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်များကို ထိန်းညှိပေးသောကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်သည်။မျှစ်က ခန္ဓာကိုယ်အရေပြား၏ ဆဲလ်အသစ်များ ထုတ်လုပ်ခြင်းကို အားပေးသောကြောင့် အသားအရေ ကောင်းလိုသူများ မျှစ်စားပေးပါ။ ဝါစို့ကိုပြုတ်သောက်ပါက သွေးကိုသန့်စင်စေပါသည်။တရုတ်နိုင်ငံ တွင်ရိုးရာကုထုံး ဓာတ်စာအဖြစ် ကိုယ်ဝင်ဆောင်များ ချောချောမွေ့မွေ့ မီးဖွားစေနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်ချိန် ၏ နောက်ဆုံး လတွင် မျှစ်ကို စားသုံးစေသည်။ကလေးမွေးရန် ရက်လွန်နေသူများ လည်း မျှစ်စားပေးသင့်သည်။ မျှစ်က သွေးကြောနံရံများထဲရှိ ကိုလက်စထရောဖြစ်တည်မှုကို ကာကွယ်ပေးပြီး မကောင်းသော LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်သောကြောင့် နှလုံး ကိုကျမ်းမာစေပါသည်။မျှစ်ထဲတွင် မြင့်မားစွာပါရှိသောအမျှင်ဓာတ်များက အစာစားပြီးနောက် သွေးထဲရှိသကြားဓာတ်ကို ပုံမှန်ဖြစ်စေသည်။ ထို့ကြောင့် ဆီးချိုရောဂါသည်များအတွက် မျှစ်ကလွန်စွာကောင်းကျိုးပြုသည်။ မျှစ်သည် Ayurvedic ဆေးစွမ်းသတ္တိပါရှိပြီး ၎င်းအစွမ်းက တိရိစ္ဆာန်များ၏ အဆိပ်အတောက်ကို ပြေစေပါသည်။အိန္ဒိယနိုင်ငံတွင် အဆိပ်ရှိမြွေနှင့် ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက် မျှစ်ကို ရိုးရာကုထုံးအဖြစ် အသုံးပြုကြသည်။ မျှစ်ထဲတွင်ပါရှိသော မဂ္ဂနီးစ်ဓာတ်က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှုအတွက် အင်ဇိုင်းအဖြစ် အကျိုးသက်ရောက်မှုကိုဖြစ်စေသည်။မျှစ်ထဲတွင် ကယ်လ်စီယမ်ဓာတ်အများအပြား မပါရှိသော်လည်း မျှစ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သောကယ်လ်စီယမ်ဓာတ်ကို လုံလုံ လောက်လောက် အထောက်အပံ့ဖြစ်စေသဖြင့် အရိုးများကို သန်မာစေသည်။သံဓာတ်ပါရှိသော မျှစ်ကိုစားပေးခြင်းဖြင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ဝါးရွက်တွင် methanol ဓာတ်မြင့်မားစွာပါရှိနေပြီး ဝါးရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် ဝမ်းဗိုက်အတွင်းရှိ သန်ကောင်များကိုသေစေနိုင်သည်။ဝါးမင်းဟုခေါ်သော ဝါးပင်ကိုသွေးလိမ်းပါက ကျီးပေါင်းရောဂါကို သက်သာစေသည်။ဂျပန်နိုင်ငံတွင် နည်းပညာများကိုအသုံးပြုကာ အော်ဂဲနစ်ဝါးမီးသွေးထုတ်လုပ်၍ ၎င်းဝါးမီးသွေးဆေးတောင့်သည် အစာအဆိပ်သင့်ရောဂါ၊ မှိုအဆိပ်သင့်ရောဂါ၊ ဝမ်းဖောဝမ်းရောင် ရောဂါနှင့်အရက်ကြောင့်ဖြစ်သော ရောဂါများကို သက်သာပျောက်ကင်းစေကြောင်း လေ့လာ သိရှိရပါသည်။ DOCA(ပဲခူး)