
ယခုမိုးရာသီတွင် ငါးရံ့ပတူရွက်များ လှိုင်လှိုင်ပေါများလာ၍ နေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ ရှိပါသည်။ ငါးရံ့ပတူရွက်သည် အပင်ပုတစ်မျိုးဖြစ်ပြီး ပင်စည်မှာ အရွက်ရှည် မျောမျောလေးတွေ ကပ်ပြီး ပေါက်ရောက်တတ်ပါသည်။ အရွက်ကို ရေနွေးဖျော၍ သုတ်စား၍ရပြီး အမြစ်နှင့် ပင်စည်မှာလည်း ဆေးဖက်ဝင်ပါသည်။ ငါးရံ့ပတူရွက်တွင် ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ် စသည့် လူ့ခန္ဓာကိုယ်အကျိုးပြုဓာတ်များစွာပါဝင်ပါသည်။ ငါးရံ့ပတူရွက်ကို စားသုံး ပေးခြင်းဖြင့် အာရုံကြောဆိုင်ရာ ပြဿနာများနှင့် အာရုံကြော ထိခိုက်မှုများကို ကာကွယ်ပေးနိုင်ပါသည်။
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝ သောကြောင့် ဆီးချိုရောဂါအပါအဝင် နာတာရှည် ရောဂါ များ မဖြစ်ပွားစေရန်လည်း ကာကွယ်ပေးပါသည်။ သွေးတိုးရောဂါသက်သာစေရန်လည်း ငါးရံ့ပတူရွက်ကို စားသုံးပေးသင့်ပါသည်။ ငါးရံ့ပတူရွက်အမြစ်ကို သွေး၍ ချင်းမှုန့်နှင့်ရောပြီး ရေနွေးအဖြစ် သောက်သုံးပါကလည်း အဆုတ်နာရောဂါများ သက်သာပျောက်ကင်းစေနိုင်ပါသည်။ မိုးရာသီကာလ၌ ငါးရံ့ပတူရွက်များ ပေါများစွာ ပေါက်ရောက်သောကြောင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါသည်။
DOCA(ပဲခူး)