
အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင်ချစ်ဖို့ကောင်းတဲ့တရုတ်စကားပန်းလေးက အရောင်အဆင်းအနံ့နဲ့တင် ပြည့်စုံတာ မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။
• တရုတ်စကားပင်များသည် အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့မျိုးရင်းပင်တွေဖြစ်ပါသည်။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြ ပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။ မြန်မာနိင်ငံ မှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးကဆီးချို သက်သာစေပါတယ်။ ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရောင်ရမ်းမှုကို လည်းသက်သာစေပါတယ်။ အင်းဆက်ကိုက်တာ၊ ထိခိုက် မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်း ကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေး၍ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံဖြင့်အနာကို သက်သာစေနိုင်ပါတယ်။
ထိခိုက်တာကြောင့် အနာတွေဖြစ်တဲ့အခါ တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားအရွက်ကို လက်သည်းနှင့်ဆိတ်ပြီးအုန်းဆီနှင့်ရောပြီးရင် အနာပေါ်ကို ကပ်ထားပေးပါ။ နေ့တိုင်းပုံမှန်လေး လုပ်ပေးရင် အနာသက်သာစေပါတယ်။
အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူ ထဲထည့်ပြုတ်ပြီး သောက်ပေးတာကအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်တရုတ်စကားပန်းမှာ alkaloids၊ tannins၊ flavonoids နဲ့ triterpenoids တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အတိုင်းအချင့်နဲ့ သုံးဖို့တော့ လိုပါမယ်။
ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။
သွားကိုက်သွားနာ သက်သာစေပါတယ်။ သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ် ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။
အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည် တို့နဲ့ ရေချိုးပေးရုံပါ။
ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက် ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။
သတိထားရမယ့် အချက်များ
တရုတ်စကားပန်းတွေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။
ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိတဲ့အတွက် ခန္ဓာကိုယ်မှာ အသုံးပြုတဲ့အခါ စိတ်ချရမှုကို အာမမခံနိုင်ပါဘူး။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။
မိမိကျန်းမာရေးပြဿနာက အရေးကြီးတယ်ဆိုရင် အိမ်မှာ တရုတ်စကားပန်းနဲ့ ကုသနေတာထက် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသတာက ပိုပြီး သင့်တော်ပါတယ်။
DOCA(ပဲခူး)