
၁၂လရာသီပတ်လုံး ဖောဖောသီသီရရှိနိုင်သောအသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးစိတ်ပေါင်းများစွာရှိသည့်အနက် စိုက်ပျိုးရလွယ်ကူပြီး အလုပ်မများသည့်အတွက် ရခိုင်ငှက်ပျောကိုအများဆုံးစိုက်ပျိုးကြသည်။ ငှက်ပျောစိုက်ပျိုးရန်အကောင်းဆူံး မြေအမျိုးအစားမှာနုန်းတင်မြေနု ၊ သဲနုန်းမြေနှင့် နုန်းမြေများ ဖြစ်သည်။ ငှက်ပျောပင်ကို ဝါဆိုလနှင့် ဝါခေါင်လတွင် အများဆူံးစိုက်ပျိုးနိုင်ပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက တစ်ဧကစိူက်ပျိုးလျှင် ငှက်ပျောပင်တစ်ပင်နှင့် တစ်ပင်အကွာအဝေး ၁၀ပေခြား၍ စိုက်ပျိုးရပြီး အပင်၉၀၀ခန့်စိုက်ပျိုးနိုင်သည်။ ငှက်ပျောပင်သည် အာဟာရ ဓာတ်အများအပြားပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသကဲ့သို့ အစာချေစနစ်ကိုလည်း မြှင့်တင်ပေးကြောင်း သိရှိရပါသည်။ စံမှီငှက်ပျောတစ်ခိုင်တွင် အဖီး၉ဖီးမျှပါ၍ တစ်ဖီးလျှင် အသီး၁၀လုံးမှ ၁၅လုံးပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)