Main menu

ခရမ်းချဉ်သီးကပေးတဲ့ကျန်းမာရေးအကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 07/21/2025 - 13:24 -- consumer_admin
ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီးလေးကို စားလို့ရပါတယ်၊ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင် ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်လို့သိရပါတယ်၊ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင်စေနိုင်သလို အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက် အကူပြုပေးနိုင်ပါတယ် အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေ ကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ် လို့သိရပါတယ်၊ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည် ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက ပိုမိုအဆင်ပြေစေပါသည်။ ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်သလို ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေနိုင်ပြီး ဆံသားကျန်မာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့ သွားတွေကိုပါကျန်းမာစေနိုင်ပါသည်ခရမ်းချဉ်သီးကို အစေ့မပါ ဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာ အပါအဝင် အမြင်အာရုံ ပြဿနာအမျိုးမျိုးကို အထိရောက်ဆုံး ကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးသင့်ကြောင်း သိရပါသည်။ (DOCA ဧရာဝတီ)