Main menu

အိမ်ရှင်မများ မီးမွေးရန်အတွက် အသုံးပြုလျက်ရှိသည့် ထင်းရှူး

Powered by Drupal
Mon, 07/14/2025 - 14:52 -- consumer_admin
ထင်းရှူးပင်များသည် မူရင်းဒေသဖြစ်သည့် အာရှတိုက်၊ ဥရောပတိုက်နှင့် အမေရိကတိုက်တို့တွင် အများအပြားပေါက်ရောက်ပြီး မြန်မာနိုင်ငံတွင် ရှမ်းကုန်းပြင်မြင့်၌ များစွာ ပေါက်ရောက်သည်ကိုတွေ့ရှိရပါသည်။ ထင်းရှူးသားဟုဆိုလျင် လူတိုင်းသိကြ၊ မြင်ဖူးကြရပါမည်။ အိမ်ရှင်မများအနေဖြင့် မီးမွေးရန်လွယ်ကူစေသည့် ထင်းရှူးသားများကို ဝယ်ယူ/ဆောင်ထားလျက် ရှိကြပါသည်။ ထင်းရှူးသားများသည် မီးမွေးရန်လွယ်ကူစေသည့်အပြင် ကျန်းမာရေးအတွက် ဆေးမြှီးတို အဖြစ်လည်း အသုံးပြုလျက်ရှိပါသည်။ ထင်းရှူးနှစ်ကို ဆန်ဆေးရေနှင့် သွေးလိမ်းပါက မျက်နှာ၌ ဖြစ်တတ်သော တင်းတိပ်များကို ပေါက်ကင်းစေခြင်း၊ ထင်းရှူးနှစ်ကို အုန်းဆီနှင့်သွေး၍ လိမ်းပါက ယားနားများကို ပျောက်ကင်းစေခြင်း၊ အစားမှား ဝမ်းပျက်၊ ဝမ်းလျှောခြင်းဖြစ်ပေါ်ပါက ထင်းရှူးနှစ်အား ဆန်ဆေးရည်ဖြင့် ပျစ်ပျစ်သွေး၍ သောက်သုံးလျင် ပျောက်ကင်းနိုင်ပါကြောင်း လေ့လာမှတ်သားဖူးပါသည်။ ကလေးမြို့ပေါ်ရှိ၊ မြို့မဈေး၊ စိမ်းလမ်းဈေး၊ ပင်လုံဈေး၊ တာဟန်းဈေးများတွင် ထင်းရှူးစီးများ ရောင်းဝယ်ဖောက်ကားလျက်ရှိပါကြောင်း သိရှိရပြီး ရောင်းဈေးနှုန်းများအနေဖြင့် ထင်းရှူး တစ်စီးလျင် ( ၁၀၀၀ ) ကျပ်နှုန်းများဖြင့် ရောင်းချနေရပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရပါသည်။ DOCA(စစ်ကိုင်း)