Main menu

နာနတ်သီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 07/11/2025 - 12:59 -- consumer_admin
၂၀၂၅ခုနှစ်၊ ဇွန်လလယ်ပိုင်းသည် နာနတ်သီး လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ နာနတ်သီး ကို ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားတို့မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ နာနတ်သီးသည် လူတိုင်း စားသင့်သော အစားအစာဖြစ်သည်နှင့်အမျှ လူတန်းစားမရွေးလည်း ဝယ်ယူစားသုံးနိုင်သော အသီးဖြစ်ပါသည်။နာနာတ်သီးကို ပုံမှန်စားပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ - (၁) ဗီတာမင် C ကြွယ်ဝခြင်းကြောင့် ကိုယ်ခံအားတိုးစေခြင်း၊ အရေပြား ကျန်းမာ စေခြင်း၊ သွေးတိုး နှင့် ဆီးချိုကဲ့သို့သော ရောဂါများကို ကာကွယ်ပေးခြင်း၊ (၂) Antioxidant များပါဝင်မှု့ကြောင့် ဆဲလ်များ ပျက်စီးမှု့ကို ကာကွယ်တားဆီး နိုင်သည့်အပြင် အိုမင်းရင့်ရော်မှုကိုလည်း နှောင့်နှေးစေခြင်း၊ (၃) မက်ဂနီဆီယမ်၊ ကယ်လ်ဆီယမ် စတဲ့ ဓာတ်များပါဝင်မှု့ကြောင့် အရိုးအားကောင်း စေခြင်း၊ (၄) အူလမ်းကြောင်းကို သန့်စင်ပေးခြင်း၊ (၅) ဆံသားနှင့်အမြင်အာရုံ ကောင်းမွန်စေခြင်း၊ (၆) ကယ်လိုရီပါဝင်မှု နည်းသောကြောင့် Diet အစားအစာအနေဖြင့် စားသုံးနိုင်ခြင်း၊ (၇) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ (၈) ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းတို့ ဖြစ်ကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)