
ဒီအပူပိုင်းအသီးတစ်မျိုးဖြစ်တဲ့ သရက်သီးက လတ်ဆတ်ပြီး အရသာရှိပါသည်။ အသီးအများစု လိုပဲ သူ့မှာလည်း အာဟာရဓာတ်နှင့်ဆိုင်သည့် အကျိုးကျေးဇူးများစွာ ရှိကြပါသည်။ သရက်သီးက ဘာကြောင့် ကျွန်တော်တို့အတွက် ကောင်းမွန်ရတာလဲ၊ လတ်ဆတ်တဲ့ သရက်သီးနဲ့ သရက်သီးခြောက် တို့မှရရှိသော အကျိုးကျေးဇူးများကိုဖော်ပြပေးမှာ ဖြစ်ပါသည်။ သရက်သီးရဲ့ အာဟာရဆိုင်ရာအကျိုးကျေးဇူးများမှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်မြင့်မား ပါတယ်။ သရက်သီးက အစာကြေခြင်းအတွက် ကောင်းမွန်ပါသည်။ သရက်သီးအခွံက အဝလွန်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သရက်သီးသည် ရောင်ရမ်းနာကျင်မှုများ ကို သက်သာပျောက်ကင်း စေနိုင်ပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အူမကြီးရောင်ရမ်းခြင်းလို အခြေ အနေများမှာတောင် ရောင်ရမ်းနာကျင်မှုကို လျှော့ချပေးနိုင်ပါ တယ်။ သရက်သီးမှာ ဗီတာမင် A နှင့် C တို့ ပါဝင်ပါတယ်။ ဗီတာမင် C ကို ကော်လဂျင် ဖွဲ့စည်းမှုမှာ ပါဝင်တာကိုတွေ့ရပါတယ်။ အသားအရေနှင့် ဆံပင်အပါအဝင် ဆဲလ်အားလုံး ဖွံ့ဖြိုးမှုအတွက် ဗီတာမင် A လိုအပ်ပါတယ်။ တစ်ချို့သော လေ့လာမှုတွေက အသက်အရွယ် ကြီးရင့်သည့် လက္ခဏာများကို ကာကွယ် ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဗီတာမင် A ရဲ့ အဓိကအခန်းကဏ္ဍတစ်ခုက အသားအရေနှင့် ဦးရေပြားနှစ်မျိုးစလုံးကို အစိုဓာတ်ရရှိစေဖို့ အဆီများ ထုတ်လုပ်ပေးခြင်းကြောင့် ဆံပင်ကို ကောင်းမွန်စေနိုင်ပါသည်။ ထို့ကြောင့် သရက်သီး က အသားအရေနှင့် ဆံပင်ကို ကောင်းမွန် စေနိုင်ပါသည်။ သရက်သီးမှာ ပါဝင်တဲ့ အာဟာရ ဓာတ်က ရောင်ရမ်းနာကျင်မှုများကို လျှော့ချပေးနိုင်သည့်အပြင် နှလုံးရောဂါကို ကာကွယ် ပေးနိုင်တဲ့ အကျိုးကျေးဇူးများလည်း ပါရှိပါသည်။ သရက်သီးကို အခြောက်ခံ၍ စားသောက် နိုင်ပါသည်။ သရက်သီးခြောက်က လတ်ဆတ်တဲ့ သရက်သီးအစိုလို တူညီတဲ့အာဟာရဓာတ် တွေရှိပေမယ့် ကယ်လိုရီနဲ့ သကြားဓာတ်က လေးဆပိုမြင့်မားပါတယ်။ သရက်သီးခြောက်မှာ အမျှင်ဓာတ်ပိုကောင်းမွန်စွာ ပါဝင်ပါတယ်။ သို့သော် လတ်ဆတ်တဲ့သရက်သီးကို စားသုံးခြင်းက ပိုကောင်းမွန်မယ်လို့ မှတ်ယူသင့်ပါသည်။
DOCA(မန္တလေး)