
တတိုင်းမွှေးဆိုတဲ့ အမည်နှင့်လိုက်ဖက်စွာ အမည်ကို တမ်းတရုံနှင့် မွှေးသည် ဆိုရလောက်အောင် ပန်း၏ရနံ့မှာ ဆွတ်ပျံ့ဖွယ်ဖြစ်သည်။ မေ၊ဇွန်၊ဇူလိုင်လများတွင် ပန်းပွင့်ကြပြီး အဖြူရောင်၊ရနံ့မွှေးကြိုင် တံတိုင်းမွှေးပန်းများကို ယခုလိုအချိန် မိုးကုတ်ဒေသတွင် စိုက်ပျိုးဖြစ် ထွန်းပြီး အိမ်တစ်အိမ်မှာ တတိုင်းမွှေးပန်းပင်တစ်ပင်ရှိလျှင် တစ်ရပ်ကွက်လုံး မွှေးပျံ့နေပါသည်။ အအေးပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းပါသည်။ တတိုင်းမွှေးပင်၏ အရွက်မှာ အစိမ်းရင့်ရောင် ဘဲဥပုံအ ရွက်များဖြစ်ပြီး ဖယောင်းလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ပြောင်ချောနေသည်။ ပန်းပွင့်များမှာ အပင်မျိုးစိတ်ပေါ် မူတည်၍ အဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ ကြက်သွေး ရောင် ဟူ၍ အမျိုးမျိုးရှိသည်။ ပန်းများ၏ ရနံ့မှာ အလွန်မွှေးသောကြောင့် ရေမွှေး ပြုလုပ်ရာတွင် လည်းကောင်း၊ရေချိုးဆပ်ပြာ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုကြသည်။ စတင်စိုက်ပျိုးချိန်မှစ၍ (၇)နှစ်ခန့်ကြာမှသာ ပန်းပွင့်ပါသည်။ တတိုင်းမွှေးပန်း ၏ ထူးခြားချက်မှာ ဝတ်မှုံမထုတ်လုပ်ဘဲ ပရိုတင်းဓာတ်ပါသော ဝတ်ရည်များသာ ထုတ်ကာ ပျားများသည် တတိုင်းမွှေး၏ အဓိက ဝတ်မှုန်ကူးသူဖြစ်သည်။ အပင်များသည် နှစ်(၁၀၀) သက်တမ်းအထိ ရှင်သန်နိုင်သည်။ စကားဝါ၊ စကားစိမ်းနွယ်ပင်ဖြစ်သည်။ တတိုင်းမွှေးပန်း ကလေးများသည် အဆင်းလှပခြင်း၊ ရနံ့သင်းပျံ့ခြင်းတို့ကြောင့် ပန်းချစ်သူများအနေဖြင့် မိမိတို့ အိမ်ခြံဝင်းထဲတွင် တစ်ပင်တစ်လေ စိုက်ပျိုးသင့်ပါသည်။ မြန်မာနိုင်ငံတွင် အပူပိုင်းနှင့် သမပိုင်း ဒေသရှိ တတိုင်းမွှေးကိုသာ စိုက်ပျိုးသင့်ပါသည်။အအေးပိုင်းဒေသများဖြစ်သော မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် မြင်တွေ့နိုင်သည်။ တတိုင်းမွှေးပန်းက စိုးရိမ်စိတ်များတာကို သက်သာ စေသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေသည်။ စိတ်ဖိစီးမှုကိုလည်း သက်သာစေသည်။ ဓာတ်မတည့်မှုကို သက်သာစေသည်ဟု အဓိပ္ပာယ်ရသည်။
DOCA(မန္တလေး)