
ဟင်းချိုမှုန့်(ခေါ်) အချိုမှုန့်သည် လူသိများသော အဖြူရောင်အမှုန့်လေးများဖြစ်ပြီး ဓာတုဗေ ဒအမည်မှာ မိုနိုဆိုဒီယမ်ဂလူတမိတ်ဖြစ်သည်။ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်သည့် ဂလူတမစ်အက်ဆစ် မော်လီကျုးတစ်ခုနှင့် ဆိုဒီယမ်အက်တမ်တစ်ခု ပေါင်းစပ်ထားသော ဓာတုပစ္စည်း တစ်ခု ဖြစ်သည်။ အချိုမှုန့်ပြုလုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများမှာ ကြံ၊ပြောင်း၊ပီလောပီနံ အစရှိသော ကြွယ်ဝသည့် သဘာဝကုန်ကြမ်းပစ္စည်းများဖြစ်သည်။ ထို့အပြင် အသုံးပြုသော အဏု ဇီဝပိုး လေးများမှာလည်း သဘာဝတွင်ရှိသော ပိုးလေးများ ဖြစ်သည်။ ထို့ကြောင့် အချိုမှုန့်သည် သဘာဝတွင် တွေ့ရသောပစ္စည်းမျိုးး မဟုတ်ဘဲ လုပ်ယူဖန်တီးထားသော ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ အချိုမှုန့်တွင် ပါဝင်သော ဂလူတမစ်အက်ဆစ်သည် ခန္တာကိုယ်ထဲတွင် ရှိပြီးသား အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်သည်။ ထိုကြောင့် အချိုမှုန့်ကိုစားလျှင် ခန္တာကိုယ်၏ လိုအပ်ချက် ထက် များစွာပိုလျှံသွား သည့်အတွက် ကျန်းမာရေးဆိုးကျိုးများပေးခြင်း ဖြစ်သည်။ အချိုမှုန့်သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အဝလွန်ရောဂါဖြစ်စေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်သန္ဓေသားကို ထိခိုက်ခြင်းတို့အပြင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေသော အစားအစာဖြည့်စွက် ပစ္စည်းဖြစ်၍ ရှောင်ကြဉ်သင့် ပါသည်။ အချိုမှုန့်သည် ကျွန်မတို့မြန်မာနိုင်ငံတွင် အလွန်စားသုံးများ သော ဟင်းခတ်ပစ္စည်းတစ်ခု ဖြစ်သည်။ ပြည်တွင်းတွင် ထုတ်လုပ်မှု မရှိဘဲ ပြည်ပနိုင်ငံများမှ ဝင်ရောင်လာပြီး ဗုန်းဘောလအော အလွယ်တကူဝယ်ယူ စားသောက်၍ ရရှိနေခြင်းဖြစ်သည်။ အိမ်ရှင်မများမှာလည်း ဟင်းချိုမှုန့် မပါလျှင် ဟင်းမချက်တတ်ဖြစ်လာသည်။ စားသုံးသူများက လည်း ဟင်းချိုမှုန့မပါလှှင် တစ်ခုခု လိုနေသလို အရသာမရှိသလို ဖြစ်လာကြသည်။ ဟင်းချိုမှုန့် သည်လျှာပေါ်တွင် စွဲမြဲစေသည်။ မည်သို့ပင်ဆိုစေကာမူ အချိုမှုန့် အန္တရာယ်ကို သတိပြုကာကွယ် နိုင်ရန်အတွက် လိုအပ်တာထက် ပိုမသုံးမိစေဘဲ သင့်တင့်မျှတရုံ လျှော့သုံးခြင်းဖြင့် ကာကွယ် နိုင်ပါစေကြောင်း ကျန်းမာရေးဗဟုသု တမှ လေ့လာသိရှိရသည်။ ဈေးကွက်အတွင်း၌ ဟင်းချိုမှုန့် (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြစ် ရောင်းချနေကြောင်း သိရှိရသည်။
DOCA(မန္တလေး)